မှန်သောဆန္ဒ

 လူတစ်ယောက်ရဲ့အသက်တာမှာ သဘောထား၊ ခံယူချက်၊

  ဆန္ဒဟာ အလွန်အင်မတန် အရေးကြီး ပါသည်။

  လူတစ်ယောက်အောင်မြင်ဖို့နှင့် ကျဆုံးဖို့က မိမိ၏ 

 ဆန္ဒဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မူတည်သော

ကြောင့် အလေးနက်ထား ဆင်ခြင်စေ ချင်ပါသည်။ 

(ယောဟန် ၆း၄၄) ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာလိုသော သူကို နောက်ဆုံးသောနေ့၌ ငါသည် ထမြောက်စေမည်။ဟု ယေရှုခရစ်တော်ဘုရား ပြောပါသည်။ ကျွန်တော်တို့ ဘုရားသခင်ထံလာဖို့၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ဖို့ရန်အတွက် ဘုရားသခင်ကိုယ် တိုင် သွေးဆောင်ခြင်းဖြစ်သည်။

 နေ့တိုင်း ထိတွေ့မြင်နိုင်သမျှအရာများအားဖြင့် ဘုရားက စကားပြော နေပါသည်။ (ဆာလံ၊ ၁၉း၁-) မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်

မိဘကို ရိုသေစွာပြုပါ

နောက်ဆုံးသောကာလကိုရောက်လာသောအခါ လူများစွာ
အကျင့်စာရိတ္တဖေါက်ပြန် ယိုယွင်းလာ ကြပါသည်။ ထိုအထဲမှ မိဘကို ရိုသေဖို့ ဘယ်‌လောက်အရေးကြီးသလဲ ဆိုတာကို နှုတ်ကပတ်တော် အားဖြင်း ဝေဌသွားချင်ပါသည်။ ကယ်တင်ခြင်းရပြီးနောက် ကျမ်းစာတွေဖတ်၊ ကျမ်းစာသင်တန်း တွေတက်၊ ကျမ်းစားကျောင်းတွေတက်၊ ကျမ်းစာလေ့လာ၊ချီးမွမ်းကိုးကွယ်ခြင်းတွေလုပ်နေသော်လည်း မိဘကို ရိုသေသောသူ၊ မိဘစကားကို နားမထောင်သောသူများစွာရှိပါသည်။

(၂တိ၊ ၃း ) နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို

နားမထောင်သောသူ--”ဟု ဖေါ်ပြထားပါသည်။ (၂တိ၊ ၃း၄) ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဟု ပြောပါသည်။ နောင်ကာလကျရင် လူတွေဟာ ဘုရား ဝတ်၌ မွေ့လျော်သလိုလိုနဲ့

ခရစ်တော်အားဖြင့် လူသစ်

မင်္ဂလာပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ဘုရားသခင် ဟာ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ကို ပို့ဆောင် နေတဲ့ ဘုရားဖြစ်ပါတယ်။ အထူး သဖြင့် ကျွန်တော်တို့ရဲ့အသက်တာကို ကျွေးမွေးတဲ့ဘုရား၊ စောင့်ရှောက်တဲ့ဘုရား၊ ကယ်တင်တဲ့ဘုရား ဖြစ်တယ်။ ကျွနု်တော်တို့ရဲ့ အသက်တာကို အကောင်းဆုံး လမ်း ပြတဲ့ဘုရားလည်း ဖြစ်ပါတယ်။ ဒီအချိန်ခါသမယမှာ လူတွေတော်တော်များများ စိတ်ဝင်စားတာ ဘာလဲဆိုရင် ခရစ္စမတ်၊ ပြီးရင် ဟက်ပီးနယူးယား ဆိုပြီးတော့ စိတ် ဝင်စားကြတယ်။ ကျမ်းစာထဲမှာ ခရစ္စမတ် မပါပါဘူး။ ပြီးတော့ New Year ဆိုတာလဲ မပါပါဘူး။ ကျွန်တော် ကျမ်းစာထဲမှာ ရှာကြည့်ပါတယ်။ New Year ဆိုတဲ့ စကားလုံး၊ နှစ်သစ်ဆိုတဲ့ စကားလုံး လုံးဝမတွေ့ပါဘူး။ မတွေ့ပေမယ့် ဤအရာကို လူတွေက တော်တော်စိတ်ဝင်စားနေကြပြီးတော့ အဲ့ဒီအတွက် လုပ်ဆောင်နေကြပါတယ်။ ဘုရားသခင်လည်း စိတ်မဝင်စားပါဘူး။ ဘုရားသခင်စိတ်မဝင်စားတဲ့အတွက် ကျမ်း စာထဲမှာ မရေးထားပါဘူးဆိုတာ ကျွန်တော်တို့ နားလည်ရပါတယ်။

ဒီလိုဆိုရင် နှစ်သစ်နှင့်ပတ်ပြီးတော့ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ မှာ၊ ဘာရှိသလဲကြည့်တဲ့အခါမှာ ဒေသနာကျမ်း အခန်းကြီး(၁)ထဲမှာ

လောကဧည့်သည်

အသက်ရှင်တော်မူသော ခရစ်တော်ရဲ့မြတ်နာမ၌ 

မင်္ဂလာပါလို့ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း နှုတ်ခွန်း

ဆက်သချင်ပါတယ်။ နေရာအသီးသီးမှာ ရှိတဲ့ မိတ်ဆွေတို့အားလုံး စိတ်ရဲ့ကျန်းမာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်း ခံစားနိုင်ဖို့ ဘုရားသခင်ကောင်းချီးပေးပါစေ။ လောကမှာအသက်ရှင်တဲ့ ကျွန်တော်တို့အားလုံး ဟာ လောကဧည့်သည်တွေ ဖြစ်တယ်။ ဧည့်သည်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လောကမြေကြီးပေါ်မှာ ထာဝရမနေပါဘူး။ ကျွန်တော်တို့ ဘယ်ကလာသလဲ? ဧည့် သည်ဆိုတာ လာတဲ့နေရာရှိပါတယ်။ပြီးရင် ပြန်သွားတဲ့အခါ ဘယ်ကိုပြန်မလဲဆိုတာ လည်း ပြန်မည့်
နေရာရှိရပါမည်။ အဲ့တော့ မိတ်ဆွေရဲ့အသက်တာမှာ လောကဧည့် သည် ဖြစ်ပြီးတော့ ဒီလောက ကနေထွက်သွားတဲ့အခါမှာ မိတ်ဆွေ၊ ဘယ်ကိုပြန် မလဲဆိုတာ၊ မိတ်ဆွေ ပြန်မည့်နေရာ၊ ပြန်ရမည့်နေရာ တကယ်သိပြီလား၊ ပြန်ရမည့် နေရာရှိပြီလားဆိုတာ မိတ်ဆွေရဲ့အသက်တာမှာ ဒီကနေ့ စဉ်းစားဖို့ရန်အတွက် အ ရေးကြီးပါတယ်။ လူတွေဟာ စားရင်း၊ လုပ်ရင်း၊ ရှာဖွေရင်း....

အမျက်တော်ကို အခွင့်ပေးပါ


ပြဿနာက တစ်ခုမပြီးသေးဘူး။ နောက်တစ်ခုထပ်တက်လာတဲ့အခါ ဘယ်လိုခံစားကြရမှာလဲ။

Covid 19 ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးရဲ့ ပြဿနာကမပြီး သေးဘူး။ အခု စစ်တပ်က မတရားအာဏာသိမ်းပြီး စစ်အာဏာရှင် စနစ်ကြီး တည်တံ့ခိုင်မြဲဖို့ လုပ်နေခြင်းဟာ မြန်မာပြည်ကြီးအတွက် နောက်ထပ်ပြဿနာတစ်ခု ထပ်ဆင့်လာခြင်းဖြစ်တယ်။

စိတ်ထဲမှာ ကျိန်မနိုင်ခဲမရ ဖြစ်နေကြမှာအမှန်ပါဘဲ။ ဒီလိုအချိန်မျိုးမှာ မတရားမှုက အမှန်တရားကို မတရား အနိုင်ယူတဲ့အခါမှ လူဟာ  မခံမရပ်နိုင်ဖြစ်ပြီး လူ့အမျက်ဟာ အလွယ်တကူထွက်လာတတ်ပါတယ်။ အဲဒီအခါမှာ ယုံကြည်သူတွေအနေနဲ့ ဘယ်လိုလုပ်ကြမှာလဲ ။ ယုံကြည်သူဘုရားသား

ကယ်တင်ခြင်းလမ်း

  မင်္ဂလာပါ၊ ဓမ္မမိတ်ဆွေအားလုံးကို မင်္ဂလာရှိတဲ့အကြောင်းတစ်ခု

 ဝေငှလိုပါ တယ်။ လူဆိုတာလောကမှာ ဧည့်သည်ဖြစ်တယ်။

 လောကမှာ ဘယ်လောက်ကြာ ကြာနေရမလဲဆိုတာ မသိပါဘူး။ လူ့ရဲ့အသက်တာဟာလည်း အခိုးအငွေ့ပဲ ဖြစ်ပါ တယ်။ ခဏထင်ရှားပြီး ကွယ်ပျောက်တတ်တဲ့အရာ ဖြစ်တယ်။ နေ့မြင်ပေမယ့် ည ပျောက်တတ်တဲ့အရာ ဖြစ်တယ်။ အဲကြောင့် လောကထဲက မထွက်ခွာခင်မှာ သံသ ရာဝဋ်ဆင်းရဲထဲကနေ လွှတ်ပြီးတော့ အိုနာသေခြင်းကင်းတဲ့ ဘုရားရဲ့ဘုံကို ဝင်းစား နိုင်တဲ့နည်းလမ်း ကျွန်တော်တို့ ရှာဖို့ရန်အတွက် လိုအပ်ပါတယ်။ နိုင်ငံတစ်ခုကို ကျွန် တော်တို့မကူးခင်မှာ သွားဖို့ရန်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကြိုတင်ပြင်ဆင် ရတာဖြစ်တယ်။ ကြိုတင်ပြင်ဆင်မှုမရှိရင်

နှစ်သက်ဖွယ်သောအချိန်

             မင်္ဂလာပါ၊ ဓမ္မမိတ်ဆွေအားလုံးအပေါ်သို့ ဘုရားသခင်ကောင်းချီး 

ပေးပါစေ။ ရှေ့ဦးစွာမေတ္တာပို့သပါတယ်။ လောကကြီးမှာ အချိန်ရှိပါတယ်။ အချိန်ဟာ တရွေ့ ရွေ့နဲ့ ရွှေ့သွားနေပါတယ်။ ကျွန်တော်တို့အလုပ်ကို ရပ်ထားလို့ရပေမယ့်အချိန်ကို တော့ ရပ်ထားလို့တော့မရပါဘူး။ ကမ္ဘာကြီးက လှည့်ပတ်နေပါတယ်။ အချိန်က ရွှေ့ နေပါတယ်။ လူရဲ့အသက်ကလည်း ရပ်ထားလို့မရပါဘူး။ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကြီးလာပါတယ်။ တစ်နာရီပြီး တော့တစ်နာရီ၊ တစ်နှစ်ပြီးတော့တစ်နှစ် ကြီးလာတယ်။ အဲဒီအချိန် အဲဒီ အသက်တွေကို ကျွန်တော်တို့ရပ်ထားလို့ မရပါဘူး။

(ဒေသနာ-၃)မှာ ပြောပါတယ်။ ခပ်သိမ်းသောအရာတို့သည် မိမိအချိန်ရှိ သည် မိုးကောင်း၌ ကြံစည်သမျှ အသီးသီးတို့သည် ပြုရသောအချိန်ရှိ၏ ဖွားရသော

သမ္မာကျမ်းစာသာ အမှန်ကန်ဆုံးပါ

ရှေးဦးစွာ အသက်ရှင်တော်မူသော ဘုရားရှင်ရဲ့ နာမတော်ကို 

ချီးမွမ်းပါ တယ်။ ကြားနာနေတဲ့ ဓမ္မမိတ်ဆွေအားလုံး ခရစ်တော်၏နာမ၌ မင်္ဂလာပါလို့ နှုတ် ဆက်ပါတယ်။ အခွင့်အရေးပေးတော်မူသော ဘုရားသခင်ရဲ့ဘုန်းတော်သည် သာ၍ ကြီးမြတ်ပြီး မင်္ဂလာရှိပါစေ။ ယခုနောက်ဆုံးသော ကာလရောက် တဲ့အချိန်မှာ online သည်လည်း တော်တော်ခေတ်စားလာပါတယ်။ လူတိုင်းလိုလို online သုံးလာကြပါ တယ်။ မြန်မာပြည်မှာတောင်မှ online ကို မြောက်များစွာ သုံးလာတာကို ကျွန်တော်် တို့ တွေ့မြင်နေရပါတယ်။ online မသုံးတဲ့ လူဟာ ခေတ်မမှီသလို တစ်ချို့က ယူဆ လာကြပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ လူမြောက်များစွာက online ကို အဓိပ္ပါယ် မဲ့၊ အကျိုးမဲ့ အသုံးပြု

ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်း

ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်းကို အင်္ဂလိပ်လို (Quiet Time)

 ဟု ခေါ်ကြ သည်။ အချို့သော သူများက (Time alone with God) ဟုလည်း ခေါ်ကြသည်။

အချိန်တစ်ခုကို တိတိကျကျ သတ်မှတ်ပြီး ထိုအချိန်အတွင်း နှုတ်ကပတ်တော်မှတဆင့် ဘုရားသခင် စကားပြောသည်ကို ကျွန်ုပ်တို့ နားထောင်ခြင်းနှင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင် ကို ပြန်လည်စကားပြော မိတ်သဟာယဖွဲ့ခြင်း၊ ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်သည်။

လူ လူချင်း (မိဘနှင့်သားသမီး) ရင်းနှီးလာသောအခါ ချစ်ခြင်း၊ နားလည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပိုမိုခံစားရရှိလာသကဲ့သို့ သင်သည် ဘုရားသခင်နှင့် ရင်းနှီးလာသည့်အခါ ဘုရားသခင်၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စီမံလုပ်ဆောင်ခြင်းများကို ပိုမို သိမြင်ခံစားရရှိလာ ပေမည်။ မေတ္တာတော်ရှင် ဘုရားသခင်က ယုံကြည်သူသားသမီးတိုင်း