ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်းကို အင်္ဂလိပ်လို (Quiet Time)
ဟု ခေါ်ကြ သည်။ အချို့သော သူများက (Time alone with God) ဟုလည်း ခေါ်ကြသည်။
အချိန်တစ်ခုကို တိတိကျကျ သတ်မှတ်ပြီး ထိုအချိန်အတွင်း နှုတ်ကပတ်တော်မှတဆင့် ဘုရားသခင် စကားပြောသည်ကို ကျွန်ုပ်တို့ နားထောင်ခြင်းနှင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင် ကို ပြန်လည်စကားပြော မိတ်သဟာယဖွဲ့ခြင်း၊ ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်သည်။
လူ လူချင်း (မိဘနှင့်သားသမီး) ရင်းနှီးလာသောအခါ ချစ်ခြင်း၊ နားလည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပိုမိုခံစားရရှိလာသကဲ့သို့ သင်သည် ဘုရားသခင်နှင့် ရင်းနှီးလာသည့်အခါ ဘုရားသခင်၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စီမံလုပ်ဆောင်ခြင်းများကို ပိုမို သိမြင်ခံစားရရှိလာ ပေမည်။ မေတ္တာတော်ရှင် ဘုရားသခင်က ယုံကြည်သူသားသမီးတိုင်း
အား သူ့မေတ္တာကို ခံစား ရရှိစေလိုသောကြောင့် အယောက်တိုင်းနှင့်ရင်းနှီးစွာ မိတ်သယာယဖွဲ့လိုသည်။ ရင်းနှီးမှုသည် တစ်ဦးချင်းနှင့် တွေ့ဆုံအချိန်ပေးသည့်အပေါ်မူတည်ရာ ဘုရားသခင်နှင့် ရင်းနှီးဖို့ရန် သင်သည် အချိန်ပေးဖို့ လိုအပ်ပါသည်။ သို့မှသာ ဘုရားသခင်၏ မေတ္တာတော်ကို ပိုမိုသိရှိခံစားနိုင်မည်။ သင့်အတွက် ဘုရားသခင်၏ ပြင်ဆင်မှုနှင့် အလိုတော်ကိုလည်း သိမြင်လာပေမည်။ခရစ်ယာန် ဖြစ်လာသူတစ်ဦး၏ အသက်တာ၌ အရေးကြီးဆုံးသော အချက်တစ်ခုမှာ ဘုရားသံခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်း ဖြစ်သည်။ ခရစ်ယာန်အများသည် ဤအချက်ကို သတိမပြု၊ အလေးမထားသောကြောင့် ဆုံးရှုံးသော ခရစ်ယာန်အသက်တာနှင့် ရင်ဆိုင်နေကြရ သည်။ (၁၈) ရာစု၊ (၁၉) ရာစုအတွင်း ́ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်သော ဆရာကြီး ဒီအယ်လ်မူးဒီ (D.L MOODY)၊ ဟတ်ဆင်တေလာ (HUDSON TAYLOR)၊ ဂျော့ချ်မူးလာ (GEORGEMULLER) တို့၏ အသက်တာကို လေ့လာပါ။ သူတို့သည် အဘယ်ကြောင့် ထိရောက်အောင်မြင်စွာ အမှုတော်ဆောင်နိုင်ခဲ့ကြောင်း မေးခွန်းမေးပါက အဖြေမှာ ထင်ရှားပါ သည်။ ထိုပုဂ္ဂိုလ်ကြီးများသည် နေ့စဉ် မည်သည့်အမှုကိုမျှ မပြုခင် ဘုရားသခင်၏ မျက်နှာတော် ကို ရှေးဦးစွာ ရှာသောသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဘုရားသခင်သည် ခွန်အား၊ တန်ခိုး ပေးခဲ့သဖြင့် သူတို့သည် အမှုတော်ဆောင်ရာ၌ အောင်မြင်မှုရရှိခြင်း ဖြစ်ပါသည်။ (ဆာ ၂၇၈) တွင် ဘုရားသခင်က “ငါ၏မျက်နှာကိုရှာကြလော့” ဟူသည့် အမိန့်အတိုင်း ကျွန်ုပ် တို့သည်လည်း ဘုရားသခင်၏ မျက်နှာတော်ကို ရှေးဦးစွာ ရှာသင့်ပါသည်။ ထိုမှသာ ဘုရားသခင် သည် မိမိကိုယ်ကို ကျွန်ုပ်တို့အား နှုတ်ကပတ်တော်အားဖြင့် ထင်ရှားမည်။
သွန်သင်ခွန်အားပေးလိုသော အရာများကိုလည်း ဖော်ပြမည်ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ အကြောင်းတစ်ရပ်မှာ ခရစ်ယာန်အများသည် ဘုရားသခင်၏ မျက်နှာတော်ကို နေ့စဉ်ရှာရန် အချိန်မထားကြချေ။ အကြောင်းအမျိုးမျိုးပြုကြသည်။ အိမ်ထောင်ရေးရှုတ်ထွေးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ ကျောင်းစာပိနေမှု စသည့် ပြဿနာအမျိုးမျိုးကြောင့် ဘုရားသခင် နှင့် အချိန်မယူဖြစ်ကြောင်း ဆင်ခြေပေးတတ်ကြသည်။ စင်စစ် ဘုရားသခင်သည် ပြဿနာ အရပ်ရပ်၏ အဖြေဖြစ်ကြောင်း သိရှိယုံကြည်ပါက ခရစ်ယာန် အမြောက်အများသည် လောက ၏ ဖိစီးမှုအောက်တွင် ရှိနေမည်မဟုတ်ချေ။ ၎င်းပြင် ဘုရားသခင်နှင့် တစ်ဦးတည်း အချိန် ယူခြင်းအားဖြင့် ခံစားရသော ကောင်းကြီးမင်္ဂလာမှာ မည်မျှကြီးမားကြောင်း သိရှိလာမည် ဖြစ်သည်။ ။
သမ္မာကျမ်းစာတွင် ဒံယေလ၏ အသက်တာကိုကြည့်လျှင် သူသည် ဗာဗုလုန်နိုင်ငံ၏ ဝန်ကြီးချုပ်တစ်ဦး ဖြစ်သည်။ ဝန်ကြီးချုပ်တစ်ဦး၏ တာဝန်သည် သင်၏ တာဝန်ထက် သေးငယ် ပါသလား (သို့) ကြီးမားပါသလား။ တာဝန်ကြီးမားသော်လည်း ဒံယေလသည် ဘုရားသခင်နှင့် တစ်နေ့သုံးကြိမ်တိုင်တိုင် တွေ့ဆုံရန် အချိန်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ဒံယေလသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်ခဲ့သည်။ (ဒံ၊ ၁၀၊ ၂၃၊ ၂၆-၂၈)။
မောရှေ၏ အသက်တာကို ကြည့်မည်ဆိုလျှင် သူသည် ဣသရေလလူမျိုးစုကြီးကို ဦးဆောင်သောသူ ဖြစ်၏။ ဤတာဝန်သည် မည်မျှကြီးမားကြောင်း စဉ်းစားပါ။ တာဝန်ကြီးမား သော်လည်း မောရှေသည် ဘုရားသခင်နှင့်တွေ့ရန် အချိန်ရှိသည်။ (ထွက်၊ ၃၃၁၁၊ ၃၄၂)
ဒါဝိဒ်၏ အသက်တာကို လေ့လာလျှင်လည်း သူသည် ဘုရားသခင်နှင့် သိကျွမ်းရင်းနှီး သောသူ ဖြစ်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခဲ့သူဖြစ်သည်။
(ဆာ၊ ၅၃၊ ၁၁၉၁၆၄) ထိုနည်းတူ သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင် ရင်းနှီးလိုပါသလား။ အသက်တာ၌ တွေ့ကြုံနေရသော ပြဿနာအရပ်ရပ်ကို အောင်မြင်လိုပါသလား။ ဝမ်းမြောက်ဖွယ်ကောင်း သော အသက်တာကို ခံစားလိုပါသလား။ သင်၏အသက်တာ၌ ဘုရားသခင် ပြင်ဆင်ထားသော ကောင်းကြီးမင်္ဂလာများကို ရယူလိုပါသလား။ ယနေ့မှစ၍ နေ့စဉ် ဘုရားသခင်နှင့် အချိန်ယူရန် ဆုံးဖြတ်ချက်ချပါ။ တစ်နေ့လျှင် အနည်းဆုံး (၁၀) မိနစ်ခန့် သစ္စာရှိစွာ စတင်လုပ်ဆောင်ပါက နောက်ပိုင်း၌ သင်ခံစားရသော ကောင်းကြီးမင်္ဂလာကြောင့် ဘုရားသခင်နှင့် တစ်ဦးတည်း တွေ့ရန် ပို၍အချိန်ထားလိုသောဆန္ဒ ရှိလာမည်ဖြစ်သည်။ ကို ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူရာတွင် သိရှိရမည့် အချက်များမှာ အချိန်၊ နေရာ၊ လိုအပ်သောပစ္စည်းနှင့် နည်းလမ်းတို့ ဖြစ်ပါသည်။
အချိန်နှင့်နေရာ
(မာ၊ ၁း၃၅) တွင် ခရစ်တော်သည် နံနက်စောစော မိုးမလင်းမီ၊ တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူကြောင်း၊ (က၊ ၁၉:၂၇) တွင်လည်း နံနက်စောစော အာဗြဟံ သည်လည်းထ၍ ထာဝရဘုရားရှေ့၌ ရပ်နေသော အရပ်သို့ သွားကြောင်း တွေ့ရပါသည်။ အထက်ပါ ကျမ်းပိုဒ်များ အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူရန်အတွက် တိတ်ဆိတ်သော အချိန်နှင့်နေရာကို ရွေးချယ်သင့်ပါသည်။ နံနက်စောစော အချိန်သည် အကောင်းဆုံး ဖြစ်ပါသည်။ တစ်နေ့တာလုံးအတွက် ဘုရားသခင်နှင့် အစပြုခြင်း လည်းဖြစ်၏။ ဘုရားသခင် အသုံးပြုသော ပုဂ္ဂိုလ်အများစုသည် နံနက်ပိုင်းအချိန်တွင် ဘုရား သခင်နှင့် မိတ်သဟာယဖွဲ့ ကြောင်း သိရှိရပါသည်။ သို့သော် နံနက်ပိုင်းတွင် အချိန်မပေး နိုင်ခဲ့သော် မိမိအတွက် အဆင်ပြေမည့် သင့်တော်သည့်အချိန်ကို သတ်မှတ်ပြီး လုပ်ဆောင်နိုင်ပါ သည်။ စိတ်ဝိညာဉ်အားဖြင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ဝတ်ပြုနိုင်ရန် အနှောင့်အယှက် အကင်းဆုံး အချိန်နှင့်နေရာကို ရွေးချယ်လျက် လုပ်ဆောင်သင့်ပါသည်။ အောက်ပါကွက်လပ်တွင် သင်၏ဆုံးဖြတ်ချက်ကို ရေးဖြည့်ပါ။
ကျွန်ုပ်၏ဆုံးဖြတ်ချက် သည် ဘုရားသခင်နှင့် တစ်ဦးတည်း ဝတ်ပြုကိုးကွယ်မည့်အချိန်မှာ -----------
---------- နာရီ၊ နေရာမှာ ------ --------- တွင် ဖြစ်ပါသည်။
လိုအပ်သောပစ္စည်းများ
ကျမ်းစာအုပ်၊ ခဲတံ (သို့) မှင်တံ၊ မှတ်စုစာအုပ်၊ ဆုတောင်းစာရင်း။
တစ်ဦးတည်းကိုးကွယ်ဝတ်ပြုနည်း
(၁)သင်သည် ဘုရားသခင်နှင့် တစ်ဦးတည်း ကိုးကွယ်ဝတ်ပြုရန်အချိန်၌ လိုအပ်သော ပစ္စည်းများနှင့် နေရာယူလျက် အဆင်သင့်ဖြစ်ပြီဆိုပါက တစ်ဖက် ၁။ ဆုတောင်းချက်တိုတိုဖြင့် အစုပြုပါ။
(ဆာ၊ ၁၁၉၁၈။ ၁၄၃၈) စသော ကျမ်းချက်များကို အခြေခံပြီး ဆုတောင်းနိုင်ပါသည်။ ဥပမာ •••
အဘ ဘုရားသခင်။ သား/သမီးနှင့် ယခု စကားပြောတော်မူပါ။ ဖတ်မည့်ကျမ်းစာကို နားလည်နိုင်ရန် ဖွင့်ပြတော်မူပါ။ သား/သမီးကို လမ်းပြတော်မူပါ။ ခရစ်တော်ဘုရား၏ နာမတော်၌ ဆုတောင်းပါ၏ အာမင်။
၂။ ဆုတောင်းပြီးပါက ကျမ်းစာကိုဖတ်ပါ။
ယုံကြည်စများအတွက် ဓမ္မသစ်ကျမ်းကို စတင်ဖတ်ရှုရန် သင့်တော်ပါသည်။ တစ်နေ့လျှင် အခန်းကြီးတစ်ခန်း (One Chapter) ခန့် ဖတ်ရှုသင့်ပါသည်။ ကျမ်းစာဖတ်ရာတွင် မြန် မြန် ဆန်ဆန် ဖတ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘုရားသခင်သည် သင့်အား စကားပြောနေသည်ကို နားထောင်နေသကဲ့သို့ ဖတ်ပါ။ ထိုသို့ ဖတ်စဉ်တွင် သင့်စိတ်နှလုံးကို အထူးသဖြင့် ထိတွေ့သော ကျမ်းပိုဒ်တစ်ပိုဒ် (သို့) တစ်ပိုဒ်ထက်ပို၍ ရှိပါလိမ့်မည်။ ထိုကျမ်းပိုဒ်အားဖြင့် ဘုရားသခင်သည် သင့်အား
(က) သိရှိရမည့် အမှန်တရား အချက်တစ်ခုခုကို ဖော်ပြနိုင်သည်။ (ခ) ဝန်ချတောင်းပန်ရမည့် အပြစ်တစ်ခုခုကို ဖော်ပြနိုင်သည်။ (ဂ) ပြုလုပ်မည့်ဆဲဆဲဖြစ်သော အပြစ်တစ်ခုခုကို ရှောင်ရန်လည်း သတိပေးနိုင်သည်။ (ဃ) ကတိတော်တစ်ခုခုကိုလည်း ပေးနိုင်သည်။ (င) သင်လုပ်ဆောင်ရမည့် အရာတစ်ခုခုကိုလည်း အမိန့်ပေးနိုင်သည်။ (စ) ခွန်အား (သို့) နှစ်သိမ့်မှုကိုလည်း ပေးနိုင်သည်။
(ဆ) လမ်းပြပဲ့ပြင်မှုကိုလည်း ပေးနိုင်သည်။ ၃။ စိတ်ထိတွေ့သောကျမ်းပိုဒ်ကို ဆုတောင်းခြင်းဖြင့် ဆင်ခြင်အောက်မေ့လျက် မှတ်စုရေးပါ။
မှတ်စုရေးရာတွင် (၃) ပိုင်းခွဲပြီး ရေးပါ။
(က) ကျမ်းစာက ဘာပြောသလဲ။
ဤအပိုင်းတွင် စိတ်ထိတွေ့သော ကျမ်းပိုဒ်ကိုရေးပါ။
(ခ) ဘယ်လို အဓိပ္ပာယ်ရှိသလဲ။
ဤအပိုင်းတွင် ကျမ်းပိုဒ်၏ ဆိုလိုချက်ကိုရေးပါ။
(ဂ) ဘယ်လိုလက်တွေ့ ကျင့်သုံးမလဲ။
ဤအပိုင်းတွင် ကျမ်းပိုဒ်နှင့်ပတ်သက်၍ မိမိအသက်တာကို ဆင်ခြင်ပြီး သင် လက်တွေ့ လုပ်ဆောင်မည့်အရာကို တိကျစွာရေးပါ။
အထက်ပါအတိုင်း မှတ်စုကို (၃) ပိုင်းခွဲ၍ ရေးပြီးလျှင် တစ်နေ့တာလုံး ဆင်ခြင် အောက်မေ့ရာတွင် မှတ်မိရန်အတွက် မှတ်သားလွယ်သည့် ခေါင်းစီးတိုတစ်ခု တပ်ပေးပါ။ ( မှတ်စုရေးရာတွင် အခက်အခဲ မရှိစေရန် အောက်တွင် နမူနာအနေဖြင့် မှတ်စုတစ်ခုကို ဖော်ပြလိုပါသည်။
မှတ်စုနမူနာ
သူတစ်ပါးအပြစ်ကိုလွှတ်ပါ။(ခေါင်းစီးတို)
ကျမ်းစာကဘာပြောသလဲ
တစ်ယောက်၌ တစ်ယောက်အပြစ်တင်စရာ အခွင့်ရှိလျှင် အချင်းချင်း သည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူ ပြုကြလော့။ (ကော၊ ၃း၁၃) ဘယ်လိုအဓိပ္ပာယ်ရှိသလဲ
ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကို လွှတ်သကဲ့သို့ ကျွန်ုပ်တို့လည်း အချင်းချင်း သည်းခံ၍ အပြစ်လွှတ်ရမယ်။ ဘယ်လိုလက်တွေ့ကျင့်သုံးမလဲ
ဘုရားသခင် သတိပေးနှိုးဆော်တဲ့အတိုင်း ယခုအချိန်မှစပြီး ကိုဝင်းမောင်အပေါ် အပြစ်ချည်နှောင်မထားဘဲ ခွင့်လွှတ်ပါတော့မယ်။ သူ့ဆီသို့သွားပြီး နားလည်မှုရယူကာ မိတ်သဟာယ ဖွဲ့ပါတော့မယ်။ အပြစ်လွှတ်တဲ့ ဘုရားသခင်ရဲ့ စိတ်သဘောအတိုင်း အသက်ရှင် မယ်။
(မှတ်စုရေးရာတွင် လက်တွေ့ကျင့်သုံးမည့် အချက်အတွက် ဆုတောင်းချက်ကို ရေးလို ပါကလည်း ရေးနိုင်ပါသည်။)
၄။ မှတ်စုရေးပြီးလျှင် ဆုတောင်းချက်အရှည်ဖြင့် အဆုံးသတ်ပါ။
(က) ဂုဏ်တော်ချီးမွမ်းပါ။
(ခ) အပြစ်ဝန်ချတောင်းပန်ပါ။
(ဂ) ကျေးဇူးတော်ချီးမွမ်းပါ။
(ဃ) သူတစ်ပါးအတွက် ဆုတောင်းပေးပါ။
(င) မိမိအတွက်တောင်းခံပါ။
ဆုတောင်းချက်အရှည်ဟု ဆိုရာတွင် အထက်ပါအတိုင်း (၅) ပိုင်း ပါဝင်ပြီး ဆုတောင်း ရာ၌ အခက်အခဲမရှိဘဲ အတုယူလွယ်ရန်အတွက် နမူနာအနေဖြင့် ဆုတောင်းချက်တစ်ခုကို
ဖော်ပြပါမည်။
ဆုတောင်းချက်နမူနာ
အနန္တတန်ခိုးရှင် ထာဝရဘုရား * နာမတော်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးပါစေသော် * ကိုဝင်းမောင်အပေါ် ချည်နှောင်ထားတဲ့ ကျွန်ုပ်အပြစ်ကို လွှတ်တော်မူပါ။ * ကျွန်ုပ်ရဲ့ အပြစ်ကို လွတ်သောကြောင့် ကျေးဇူးတင်ပါတယ်။ * ကိုဝင်းမောင်ထံ သွားရောက်ပြီး နားလည်မှုရယူသောအခါ သူသည်လည်း ခွင့်လွှတ်
တတ်သော စိတ်ရှိရန် မစတော်မူပါ။ * အပြစ်လွှတ်တတ်တဲ့ ကိုယ်တော်ရှင်ရဲ့ စိတ်သဘောအတိုင်း အသက်ရှင်နိုင်ရန် ကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။ ခရစ်တော်ဘုရား၏ နာမတော်၌ ဆုတောင်းပါ၏ အာမင်။
သင်သည် အထက်ပါအတိုင်း နေ့စဉ် ဘုရားရှင်နှင့် အချိန်ယူလျက် ကိုးကွယ်ဝတ်ပြုပါ လျှင် သင်၏အသက်တာသည် အလွန်ပင် နှစ်သက်ဖွယ်ကောင်းပြီး ဘုန်းတော်ထင်ရှား စေသော အသက်တာ ဖြစ်လာပေမည်။
အချို့သော ခရစ်ယာန်များသည် ဘုရားရှင်နှင့် တစ်ဦးတည်း ကိုးကွယ်ရန် အချိန်ယူခြင်း သည် အရေးကြီးကြောင်း သဘောမပေါက်ကြသေးချေ။
အဘယ်ကြောင့် ဘုရားသခင်နှင့် အချိန်ယူရမည်နည်းဆိုသော် ...
(၁) ဘုရားသခင်ကို သိကျွမ်းရန်ဖြစ်သည်။ (ဟောရှေ၊ ၆း၆)
(၂) သခင်ခရစ်တော်၏ ပုံသက်သေဖြစ်သည်။ (မာ၊ ၁၃၅) (၃) ဘုရားသခင်၏ အမိန့်ဖြစ်သည်။ (ဆာ၊ ၂၇၈)
(၄) ဘုရားသခင်ပေးထားသည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။ (၁ကော၊ ၁း၉) 5 (၅) ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်းဖြစ်သည်။ (ယော၊ ၄၂၃-၂၄)
အချို့သော ခရစ်ယာန်များက ဘုရားသခင်နှင့် တစ်ဦးချင်း အချိန်ယူခြင်းသည် အရေးကြီးကြောင်း သဘောပေါက်သော်လည်း လက်တွေ့ အချိန်ပေးလျက် သစ္စာရှိစွာ မှန်မှန် လုပ်ဆောင်ခြင်း မတွေ့ရသည်မှာ အလွန်ပင် ဝမ်းနည်းစရာ ကောင်းလှပေသည်။ ထို့ကြောင့် ဘုရားသခင်နှင့် အချိန်ယူရန် တားဆီးသောအရာများကိုလည်း အနည်းငယ် ဖော်ပြလိုပါသည်။
တားဆီးသောအရာများ
(၁) ပျင်းရိခြင်း၊ အအိပ်မက်ခြင်း။ (သု၊ ၆း၆)
(၂) မိမိကိုယ်ကို ခွန်အားရှိပြီး ဘာမှမလိုဟု ထင်နေခြင်း။ (ဗျာ၊ ၃၁၇)
(၃) ဘုရားသခင်ကို ဦးထိပ်မထားခြင်း၊ ဦးစားမပေးခြင်း။ (မ၊ ၆း၃၃)
(၄) လောကီအရေးအခင်းများတွင်သာ နှစ်မြှုပ်နေခြင်း၊ လောကီရေး၌ ပြွမ်းနှော
ရှုတ်ထွေးနေခြင်း။ (မာ၊ ၄၁၉)
(၅) ဘုရားသခင်ထက် လောကကိုချစ်ခြင်း။ (၁ယော၊ ၂း၁၅-၁၆)
(၆) အပြစ်ဒုစရိုက်၌ ကျင်လည်နေခြင်း။ (ဟေရှာ၊ ၅း၁-၂)
(၇) မိမိခွန်အားဖြင့် လုပ်နိုင်မည်ဟုထင်ခြင်း။ (ဖိ၊ ၄၁၃)
မည်သို့ပင် တားဆီးသောအရာများ ရှိစေကာမူ ဘုရားသခင်ကိုချစ်သော သားသမီးများ သည် သစ္စာရှိစွာဖြင့် လုပ်ဆောင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားကြရပေသည်။ ဘုရားသခင်နှင့် အချိန်ယူခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးအချို့ကိုလည်း သင့်အား ဖော်ပြ လိုပါသည်။
အကျိုးကျေးဇူးများ
(၁) ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လာမည်။ (ဟော၊ ၆း၆)
(၂) ဘုရားသခင်ထံမှ လမ်းပြမှုကို သိမြင်လာမည်။ (ဆာ၊ ၁၁၉၁၀၅)
(၃) မိမိကိုယ်ကို ပြန်မြင်လာမည်၊ အပြစ်ကို သိမြင်ပြီး ရှောင်ကြဉ်နိုင်မည်။ (ဆာ၊ ၁၃၉၂၃၊၂၄)
(၄) ခရစ်ယာန်အသက်တာ၌ ရင့်ကျက်ကြီးထွားလာမည်။ (၁ပေ၊ ၂၂-၃)
(၅) ဘုရားသခင်ထံမှ ခွန်အားတန်ခိုးရရှိမည်။ (ဟေရှာ၊ ၄း၃၁)
(၆) အကြံထမြောက်၍ အောင်မြင်မည်။ (ယောရှု၊ ၁၈)
(၇) စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူ ဖြစ်လာမည်။ (၂တိ၊ ၃၁၆-၁၇)
နောက်ဆုံးအနေဖြင့် သင်သည့် ဘုရားသခင်ကို နာမ်ဝိညာဉ်ဖြင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ဝတ်ပြုသောသူ၊ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဘုရားသခင် အသုံးပြုသောသူ၊
ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောသူ ဖြစ်လာပါမည်…
No comments:
Post a Comment