မှန်သောဆန္ဒ

 လူတစ်ယောက်ရဲ့အသက်တာမှာ သဘောထား၊ ခံယူချက်၊

  ဆန္ဒဟာ အလွန်အင်မတန် အရေးကြီး ပါသည်။

  လူတစ်ယောက်အောင်မြင်ဖို့နှင့် ကျဆုံးဖို့က မိမိ၏ 

 ဆန္ဒဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မူတည်သော

ကြောင့် အလေးနက်ထား ဆင်ခြင်စေ ချင်ပါသည်။ 

(ယောဟန် ၆း၄၄) ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာလိုသော သူကို နောက်ဆုံးသောနေ့၌ ငါသည် ထမြောက်စေမည်။ဟု ယေရှုခရစ်တော်ဘုရား ပြောပါသည်။ ကျွန်တော်တို့ ဘုရားသခင်ထံလာဖို့၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ဖို့ရန်အတွက် ဘုရားသခင်ကိုယ် တိုင် သွေးဆောင်ခြင်းဖြစ်သည်။

 နေ့တိုင်း ထိတွေ့မြင်နိုင်သမျှအရာများအားဖြင့် ဘုရားက စကားပြော နေပါသည်။ (ဆာလံ၊ ၁၉း၁-) မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်

ကို ကြားပြော၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တနေ့ကိုတနေ့ မြွက်ဆို၍ တညဉ့်ကိုတညဉ့် သွန်သင်၏။ မိုးကောင်းကင်အားဖြင့်လည်း တရားဟောနေပါသည်။ (ယော၊ ၆း၄၄) ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်သေမည်။ ဘုရားသခင်က သူ့ထံလာဖို့ သူ့ကို သိဖို့ မေတ္တာနှင့် သွေးဆောင်၍ ခေါ်နေပါသည်။ (ယော၊ ၁၂း၃၂) ငါသည်လည်း မြေကြီးနှင့် ခွါ၍  မြှောက်ထားခြင်းကို ခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။

 ယေရှုခရစ်တော် ဘုရားက လက်ဝါးကပ်တိုင်ပေါ်မှာ မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်း ခံရတဲ့အခါ လူအပေါင်းတို့ကို သူ့ထံခေါ်မယ်လို့ ပြောပါသည်။ အာဒံအထဲမှာရှိသော အပြစ်သား ကျွန်တော်တို့ကို ယေရှုခရစ်တော်ထဲသို့ ဘုရားသားများအနေနှင့် ရောက်ဖို့ရန် ခရစ်တော်ဘုရားက လက်ဝါးကပ်တိုင်ပေါ်မှာ မြှောက်ထားခြင်း ခံရပါသည်။ အပြစ်တရား၊ ပညတ်တရား၏ ကျိန်ခြင်းထဲက နှုတ်၍ ကောင်းကင်နိုင်ငံထဲပို့ဖို့ရန် အတွက် ယေရှုအသေခံခြင်းဖြစ်သည်။

 ထို့ကြောင့် ယေရှုခရစ်တော် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခြင်းသည် အချည်းနှီးမဟုတ်ကြောင်း တမန်တော်ဝတ္တု အခန်းကြီး () တမန်တော်များက ဟောပြောဝေဌကြ ပါသည်။ လက်ဝါးကပ်တိုင်ပေါ်မှာ မြှောက်ထားခြင်း ခံရသော ယေရှုခရစ်တော်သည် သေခြင်းမှ ထမြောက်သော ကယ်တင်ရှင်ဘုရားဖြစ်ကြောင်း ကြွေးကြော်ဝေဌခဲ့ကြသည်။ ထိုအခါ လူများစွာက ခရစ်တော်ဘုရားထံ ယုံကြည်ပြောင်းလဲလာကြတာကို တွေ့ရပါသည်။ တစ်ရက်ထဲမှာ လူသုံးထောင်ခန့် ကို ဘုရားသခင်က သူ့ထံဆွဲခေါ်ပြောင်းလဲစေတာကို တွေ့ရပါသည်။

ထို့ကြောင့် သင့်ကိုလည်း ဘုရားထံ ပြန်လှည့်လာပြီး ယုံကြည်လက်ခံဖို့၊ အားကိုးခိုလှုံဖို့ရန် ဘုရားသခင်ခေါ်နေပါသည်။ ယနေ့ သင်ဖတ်နေ တဲ့ သမ္မာကျမ်းစာ၊ ကြားနေရသော ဓမ္မသီးချင်းသံနှင့် ကြားရသော ဓမ္မဒေသနာသည် အချည်းနှီး သက်သက်၊ အပျင်းပြေ နားထောင်ဖို့ရန် နဲ့ ဗဟုသုတဖြစ်ရန် သက်သက် မဟုတ်ပါ။ ဒီအရာအားဖြင့် ဘုရားသခင်က သူ့ထံဆွဲခေါ်နေပြီး သူ့ရဲ့အလိုတော်၊ သူ့ရဲ့ကယ်တင်ခြင်းကို ခံစားစေချင်သည် ဆိုတာကို နားလည်သဘောပေါက်ဖို့လိုပါသည်။ သို့သော်လူများစွာက ဘုရားရဲ့ မေတ္တာအားဖြင့် သွေးဆောင် ခေါ်ယူနေခြင်းကို မထီမဲ့မြင်ပြုနေကြပါသည်။

ဘုရားက ဘယ်လောက်ပဲ ခေါ်နေပါစေ မိမိ၏ ဆန္ဒကသာ အရေးကြီးပါသည်။ မိမိစိတ်နှလုံးခိုင်မာမည် မခံယူချင်ဘူးဆိုလျှင် မိမိ၏ အသက်တာပဲ ဆုံးရှုံးရမည် ဖြစ်သည်။ (မဿဲ၊ ၂၃း၃၇) အိုယေရုရှလင်မြို့ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှင်၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင် အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလို မရှိ။ ဟု ယေရှုခရစ်တော်က ယေရုရှလင်မြို့ရှိ ယုဒလူမျိုးများကို ကြည့်၍ ဝမ်းနည်းတာကို တွေ့ရပါသည်။ ယေရုရှလင်၏အဓိပ္ပါယ်က ရှလုမ်(ငြိမ်သက်ခြင်း) ဖြစ်ပါသည်။ ပြဿနာမရှိ အခက်အခဲ မရှိ ငြိမ်းချမ်းရာဒေသဟု အဓိပ္ပါယ်ရပါသည်။ သို့သော် ယနေ့ အချိန်အထီ ယေရုရှလင်မြို့က မငြိမ်းချမ်း သေးပါ။ ပြဿနာတွေ့ အခက်အခဲတွေ များစွာရှိသလို လူမျိုးတစ်မျိုးနှင့်တစ်မျိုး တိုက်ခိုက်နေကြဆဲ ဖြစ်ပါသည်။

 ယေရုရှလင်မြို့ကြီးအတွက် ခရစ်တော်ဘုရားက ငြိမ်သက်ခြင်းပေးဖို့ရန် ကြွလာခဲ့သော် လည်း ယေရုရှလင်မှာရှိသော ယုဒလူမျိုးများက အလိုမရှိကြ၍ ဖြစ်သည်။ ဘုရားသခင်က ကြီးမားသော အကြံအစည် နှင့်သူ့ဆီခေါ်သော်လည်း လူများစွာ အလိုဆန္ဒမရှိခြင်းက ဝမ်းနည်းစရာကောင်းပါသည်။ ချစ်စွာသော မိတ်ဆွေ ယနေ့လည်း ဘုရားသခင် သင့်ကို ခေါ်နေပါသည်။ သင့်ရဲ့ဆန္ဒဆုံးဖြစ် ချက်မမှန်ကန်ဘူးဆိုရင် သင့်အသက်တာ ကျဆုံးဖို့ပဲရှိသည်။ ယေရုရှလင်မြို့သည် ယနေ့အထိ မငြိမ်းချမ်းနိုင်သေးပါ။ အကြောင်းကတော့ ယေရှုခရစ်တော်ဘုရားကို ပယ်သောကြောင့် ဘုရားရဲ့ အလိုတော်ကို ငြင်းဆန်သောကြောင့် ဖြစ်ပါသည်။

သင့်ရဲ့အသက်တာမှာလည်း သင့်ကို ဘုရားခေါ်နေ သော အရာကို သင့်ရဲ့ဆန္ဒနဲ့ မှန်ကန်စွာ ဆုံးဖြစ်ပြီးတော့ ဘုရားအလိုတော်အတိုင်း လိုက်လျှောက် အသက်ရှင်ဖို့ လိုကြောင်း မေတ္တာနဲ့ နှိုဆော်ချင်ပါသည်။ (ရောမ ၂း၄) ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကို မသိမမှတ်ပဲ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ ည်းခံတော် မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို မထီမဲ့မြင်ပြုသလော ဟု ပြောပါသည်။ ဘုရားသခင်ဖက်က လောက် တောင် ကျေးဇူးပြုနေပါသော်လည်း လက်မခံဘူးဆိုရင် ဘုရားရဲ့ စိတ်ရှည်ခြင်း၊ ကြွယ်ဝစွာကျေးဇူးပြု နေခြင်း၊ ကောင်းချီးပေးရခြင်းကို မထီမဲ့မြင်ပြု၍ စော်ကားသောသူဖြစ်သည်ဟု ကျမ်းစာက ပြောပါသည်။

(ရောမ၂း၅) ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်း ဟူသော ဘုရား သခင်၏တရားတော် ထင်ရှားသောနေ့၌ ကိုယ်ခံစရာဘို့အမျက်ဒေါသကို ဆည်းဖူးသလော ဟု ပြောပါသည်။ ယနေ့အထိ အခွင့်အရေးပေးနေသော ဘုရား၏ စိတ်ရှည်ခြင်းကို မထီမဲ့မြင်မပြုမိပါစေနှင့်။

 ထို့ကြောင့် ယနေ့ သင့်ရဲ့ ဆန္ဒက အရေးကြီးပါသည်။ ဘုရားဆွဲခေါ်နေသော ဖက်ကို လှည့်ဖို့ ဆန္ဒပြုပါ။ သင့်ရဲ့ စစ်မှန်သော ဆန္ဒနဲ့ ဆုံးဖြတ်ချက်ချပါဟု နှိုးဆော်ချင်ပါသည်။ ကောင်းမြတ်စုံလင်သော ဘုရားသခင်၏ အလိုတော်၊ အကြံအစည်တော်ထဲမှာ ဘုရားခေါ်နေတာကို ကြားပြီး ယနေ့ပင် ဘုရားဖက် ကို ပြန်လှည့်၍ အသက်ရှင်ကြပါစို့။

Saya John Saw Kay

No comments:

Post a Comment