မိဘကို ရိုသေစွာပြုပါ

နောက်ဆုံးသောကာလကိုရောက်လာသောအခါ လူများစွာ
အကျင့်စာရိတ္တဖေါက်ပြန် ယိုယွင်းလာ ကြပါသည်။ ထိုအထဲမှ မိဘကို ရိုသေဖို့ ဘယ်‌လောက်အရေးကြီးသလဲ ဆိုတာကို နှုတ်ကပတ်တော် အားဖြင်း ဝေဌသွားချင်ပါသည်။ ကယ်တင်ခြင်းရပြီးနောက် ကျမ်းစာတွေဖတ်၊ ကျမ်းစာသင်တန်း တွေတက်၊ ကျမ်းစားကျောင်းတွေတက်၊ ကျမ်းစာလေ့လာ၊ချီးမွမ်းကိုးကွယ်ခြင်းတွေလုပ်နေသော်လည်း မိဘကို ရိုသေသောသူ၊ မိဘစကားကို နားမထောင်သောသူများစွာရှိပါသည်။

(၂တိ၊ ၃း ) နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ် ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို

နားမထောင်သောသူ--”ဟု ဖေါ်ပြထားပါသည်။ (၂တိ၊ ၃း၄) ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဟု ပြောပါသည်။ နောင်ကာလကျရင် လူတွေဟာ ဘုရား ဝတ်၌ မွေ့လျော်သလိုလိုနဲ့ မွေ့လျော်ယောင်ဆောင်ကြပြီး မိဘစကားကိုလည်း နားမထောင်ကဟု ကျမ်းစာက ပြောပါသည်။

 ထို့ကြောင့် ကျမ်းစာဘယ်လောက်ဖတ်ဖတ်၊ ချီးမွမ်းကိုးကွယ်ခြင်း ဘယ်လောက်လုပ်လုပ် မိဘကို မရိုသေတာက ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်တာပဲဖြစ်သည်။ လူများစွာက မိဘကို မရိုသေကြ၊ မပြုစုချင်ကြပဲ ပစ်ပယ်ထားတတ်ကြပါသည်။ အသက်ကြီးလာသော ဖခင်ကို အဘိုးကြီးဟု ခေါ်၍ အသက်ကြီးလာသော မိဘကို ဘွားတော်ဟု ခေါ်ပြီး မရိုမသေ ပြောတတ် ကြပါသည်။

  ကျွန်တော်တို့ကို မွေးဖွါးပေးခဲ့ပြီး လူလားမြောက်အောင် ကြည့်ရှုပြုစု စောင့်ရှောက်ရတဲ့ အဖိုးအခ ဘယ်လောက်ကြီးလဲ နှိုင်းစားကြည့်ရင် မိဘကျေးဇူး ဆပ်မကုန်ပါ။ နောက်ဆုံးသောကာလကို ရောက်နေသော်လည်း သင်သည် ဘုရားသားအစစ်အမှန် ဖြစ်ပါက နှုတ်ကပတ်တော်ကို င်ခြင်နှလုံးသွင်း အသက်ရှင်ဖို့ အရေးကြီးပါသည်။  (မာကု၊ ၇း၁၀) “မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်နှင့် ပြစ်မှား၏။ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်းဟု ဖေါ်ပြထားပါသည်။

  ဓမ္မဟောင်းခေတ်ကာလမောရှေ ပညတ်ခေတ်မှာ မိဘကို နှုတ်နှင့် ပြစ်မှားရင်တောင် အသေသတ်ခံရတာဖြစ်လို ကြောက်မက်ဖွယ်ရာ ဖြစ်ပါသည်။ ဘုရားသခင်က မိဘနေရာမှာ ဘိသိက်ပေး ပြီးတော့ ခန့်ထားတာဖြစ်ပါသည်။ အိမ်ထောင်ပြုတိုင်းလည်း ကလေးမရနိုင်သောကြောင့် မိဘမဖြစ်ပါ။

  ဘုရားသခင့် အခွင့်ပေးမှ မိဘဖြစ်တာကို နားလည်သဘောပေါက်ပြီး ရိုသေတတ်ဖို့ လိုပါသည်။ ဒါဝိဒ် နှလုံးသား မှန်သောကြောင့် ဘုရားသခင် ချီးမြှောက်ပြီး ဘိသိက်ပေးထားသော ရှောလုဘုရင်ကို နှုတ်နှင့်တောင်မပစ်မားပါ။ ထို့ကြောင့် ဒါဝိဒ်အသက်တာ ကောင်းစားတာကို တွေ့ရပါသည်။ ဘုရား အပေါ်မှန်သောသူက လူအပေါ်မှာလည်း မှန်ဖို့ရန် အရေးကြီးပါသည်။ နိုင်ငံခြားရောက်နေသော မြန်မာများက ဒီအရာကိ နားမလည်တော့ ဒေါ်လာတွေရ သုံးဖြုန်း၊ အကောင်းစားကားတွေ နေကြသော် လည်း မိဘဆီငွေပြန်မပို့ မိဘကိုမကူညီချင်ကြဘူးဆိုတာ ဝမ်းနည်းဖွယ် တွေ့နေရပါသည်။ (မာကု၊ ၁၁) သင်တို့မူကား အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ ဥစ္စာသည် အလှူဝတ္တု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။ ထိုသူသည် မိဘဝတ်ကို အလျင်းမပြုရဟု မြစ်တား၍ မိမိတို့အဆက်ဆက် ခံသောနည်းဥပဒေအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ဟု ဖာရိရှဲများနှင့် ပတ်သက်၍ ဖေါ်ပြထားပါသည်။

  ဣသရေလလူမျိုးများ အထူးသဖြင့် ယုဒဘာသာ ထုံးတမ်းစဉ်လာထဲမှာ ဘုရားကို မှန်မှန် လှူသောသူက မိဘကို ပြုစုစရာမလို ဟူသော ထုံးတမ်းစဉ် လာကို ဖါရိရှဲများက ချမှတ်ခဲ့တာြဖစ်ပါသည်။ ထို့ကြောင့် ဘုရားကို ကိုးကွယ်ဝတ်ပြုလှူဒါန်းနေပြီး မိဘကိုတော့ မကူညီ၊ မကျွေးမွေး၊ ကျေးဇူးမဆပ်ဘူးဆိုရင် ဖါရိရှဲအကျင့်နှင့် အတူတူပဲဖြစ်သည်။ ကမ္ဘာဦးကျမ်းထဲမှာ ဘုရားသခင်က မိဘကို ခန့်ထားတာ၊ ချီးမြှောက်တာ၊ အသုံးပြုတာများစွာ တွေ့ရပါ သည်။

  (ထွက်မြောက်ရာ၂၀)မှာ ဘုရားက လူကို ပေးသောပညတ်တော်(၁၀)ပါးထဲက ပထမဆုံး ()ချက်က လူနဲ့ ဘုရားနဲ့ ဆိုင်သော အချက်များဖြစ်ပြီး နောက်ပိုင်း ()ချက်က လူလူချင်းနဲ့ ဆိုင်တာ ဖြစ်သည်။ လူလူချင်းကြားထဲမှာ ကျင့်ရသော ပညတ်တွေထံမှာ သူတပါးအသက်ကို မသတ်ရဆိုသော ပညတ်၏ရှေ့မှာ မိဘကို ရိုသေစွာပြုလော့ဟူသော ပညတ်ကို အရင်ဖေါ်ပြထားပါသည်။ လူနှင့်ဆိုင်သော ပညတ်တွေထဲမှာ မိဘကို အရင်ဦးစားပေး၍ အကြီးဆုံးပညတ်နေရာမှာ ဘုရားသခင်ခွဲခန့်ထားတာတွေ့ ရပါသည်။ 

 ထို့ကြောင့် ယုံကြည်သူဘုရားသားသမီးများသည် မိဘကို ရိုသေဖို့၊ ကူညီပေးကမ်းဖို့၊ မိဘကို စိတ်ချမ်းသာစွာ ထာပြီး ပြုစုဖို့ရန် လိုအပ်တယ်ဆိုတာကို သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ (လုကာ၊ ၁၅း၁၁)ကနေကြည့်လျှင် ပျောက်သောသား စာကြောင်းတွေ့ရပါသည်။ ကျွန်တော်ကတော့ စကားနားမထောင်သော သား မိဘကို မရိုသေသောသား ဟုခေါ်ဆိုချင်ပါသည်။ ထိုသားငယ်သည် အရွယ်ရောက်လာတာနှင့် မာနထောင်လွှားပြီး မိဘဆီကရသင့်ရထိုက်တာ အကုန်တောင်းပြီး အိမ်က ထွက်သွားပါသည်။

  မိဘရဲ့အုပ်စိုးမှုဦးဆောင်မှုအောက်မှာ အသက်မရှင်ချင်ပဲ မိဘကို ဆန့်ကျင်၍ ကိုယ့်သဘော ကိုယ့်ဆန္ဒ ကိုယ့်အလိုအတိုင်းပဲ အသက်ရှင်ချင်တာ တွေ့ရပါသည်။ နောက်ဆုံးရလာဒ်က ပျက်စီးဆုံးရှုံးခြင်းနှင့်သာရင်ဆိုင်ရပါသည်။ မိဘရဲ့အရိပ်က လုံခြုံအေးမြ၍ ဘုရားဘိသိက်ပေးထားသော မိဘအားဖြင့်သာ ကောင်းကြီးကို ဖြစ်စေသည်ဆိုတာ ရှင်လုကာအခန်းကြီး (၁၅)မှ အဖြစ်အပျက်လေးကို ဆင်ခြင်ခွန်အားယူစေချင်ပါသည်။ သင့်မှာ အဖေအမေရှိသေးတယ်ဆိုရင် ယခုပြုစုပါ။ 

 ယခုသင် မပြုစုခဲ့ ရင် နောင်တချိန်မှာ နောင်တရနေလိမ်းမည်ဖြစ်သည်။ (ဧဖက်၊၆း၁) သားသမီးတို့ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရား သောအမှုဖြစ်၏။ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။ ဟု ထားပါသည်။ မိဘစကားကို နားထောင်ပြီး မိဘကို ရိုသေစွာပြုပါ။ ကိုယ့်မိဘစကားကို နားမထောင်ဘူးဆိုရင် ကျမ်းစာ အရကတော့ သင်စိုက်တဲ့အတိုင်း ပြန်ရိတ်ရမှာဖြစ်သည်။  

သင့်မိဘစကားကို သင်နားမထောင်ရင် သင့် သားသမီးတွေက သင့်စကား နားထောင်မှာမဟုတ်ပါ။ သင့် မဘကို မရိုသေရင် သင့် သားသမီးများက သင့်ကို  ရိုသေမှာမဟုတ်ပါ။ ဝဋ်လည်တယ်ဆိုတာ ဗမာစကားက စိုက်တဲ့အတိုင်းပြန်ရိတ်ရတာကိုပဲ ပြောခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ အဖေအမေကို ပြုစုပါ၊ ရိုသေပါ၊ ကျွေးမွေးပါ၊ မိဘကို စိတ်ချမ်းသာ စွာထားပါ။ ပြည်တော်မှာ ကောင်းစားမည်။ လောကမှာ ကောင်းကြီး မင်္ဂလာခံစားရမည်။ 

 အဖေဆီက ထွက်သွားပြီူ ဒုက္ခရောက်တဲ့သားငယ်က နောင်တနဲ့ အဖေဆီ ပြန်လာတဲ့အခါ ကောင်းကြီးမင်္ဂလာ ပြန်ခံစားရပါသည်။ ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သော နောက်ဆုံးသော ခေတ်ကာလမှာ မိဘကို ရိုသေ လျက် ဘုရားဝတ်၌ မွေ့လျော်ပြီး ဘုရားကို ကိုးကွယ်ကြရအောင်။ ဘုရားစိတ်တော်နှင့်တွေ့လျက် ဘုရားရဲ့ကောင်းကြီး မင်္ဂလာကို ခံယူကြရအောင်လို့ နှိုးဆော်ဝေဌလိုက်ပါသည်။

 မေတ္တာဖြင့် - ဆရာစောကေ

 

No comments:

Post a Comment