မင်္ဂလာပါ၊
ဓမ္မမိတ်ဆွေအားလုံးအပေါ်သို့ ဘုရားသခင်ကောင်းချီး
ပေးပါစေ။ ရှေ့ဦးစွာမေတ္တာပို့သပါတယ်။ လောကကြီးမှာ အချိန်ရှိပါတယ်။ အချိန်ဟာ တရွေ့ ရွေ့နဲ့ ရွှေ့သွားနေပါတယ်။ ကျွန်တော်တို့အလုပ်ကို ရပ်ထားလို့ရပေမယ့်အချိန်ကို တော့ ရပ်ထားလို့တော့မရပါဘူး။ ကမ္ဘာကြီးက လှည့်ပတ်နေပါတယ်။ အချိန်က ရွှေ့ နေပါတယ်။ လူရဲ့အသက်ကလည်း ရပ်ထားလို့မရပါဘူး။ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကြီးလာပါတယ်။ တစ်နာရီပြီး တော့တစ်နာရီ၊ တစ်နှစ်ပြီးတော့တစ်နှစ် ကြီးလာတယ်။ အဲဒီအချိန် အဲဒီ အသက်တွေကို ကျွန်တော်တို့ရပ်ထားလို့ မရပါဘူး။
(ဒေသနာ-၃)မှာ ပြောပါတယ်။ ခပ်သိမ်းသောအရာတို့သည် မိမိအချိန်ရှိ သည် မိုးကောင်း၌ ကြံစည်သမျှ အသီးသီးတို့သည် ပြုရသောအချိန်ရှိ၏ ဖွားရသော
အချိန်ရှိ၏၊ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးထားသောအရာကို နှုတ်ရသောအချိန် လည်းရှိ၏။ သတ်ရသောအချိန်နှင့် အနာပျောက်ရသော အချိန်လည်းရှိ၏။ ဆိုတော့ သမ္မာကျမ်းစာထဲမှာဒီလို ပြောပါတယ်။ မွေးတဲ့နေ့ရှိတယ်၊ သေတဲ့နေ့ရှိတယ်။ (ဒေ၊ ၃း၂)မှာ ဖွားသောအချိန်နဲ့ သေသောအချိန်ရှိ၏၊ ဆိုတော့ကျွန်တော်တို့ မွေးတဲ့နေ့ရှိ လာပြီးပြီ။ ဆိုတော့ တစ်နေ့ရှိသေးတယ်။ ဘာနေ့လဲဆိုရင် သေမယ့်နေ့ဖြစ်တယ်။ အဲဒါကြောင့် အဲဒီ အချိန်အကန့်အသတ်ထဲမှာ ကျွန်တော်တို့ အသက်ရှင်ရတဲ့အတွက် ကျွန်တော်တို့အချိန်ကို ရွေးနှုတ်ဖို့ရန်လိုတယ်။ တမန်တော်ရှင်ပေါလုက (ဧဖက်၊ ၅) ထဲမှာ ပြောထားတယ်။ ကာလအချိန်ကို ရွေးနှုတ်ကြလော့။အချိန်ဆိုတာ လူကိုမစောင့်ပါဘူး။ လူဟာအချိန်ကိုစောင့်ပေမယ့် အချိန်က လူကိုမစောင့်ပါဘူး။ အချိန်က တရွှေ့ရွှေ့နဲ့သွားနေပါတယ်။ ဒါကြောင့် တန်ဖိုးရှိလှတဲ့ ဘုရားသခင်ပေးထားတဲ့ အဲဒီအချိန်ကို ကျွန်တော်တို့ ဘယ်လိုအသုံးပြုမှာလဲ? မိုးရာ သီမှာ စပါးမစိုက်ဘဲနဲ့ မိုးရာသီလွန်မှ စပါးစိုက်မယ်ဆိုရင် မရပါဘူး။ ဒါကြောင့် ဘုရား သခင်ပေးထားတဲ့ အချိန်ကာလမှာ အကြိုးရှိရှိ ကျွန်တော်တို့အသက်မရှင်ဘူးဆိုရင် တော့ ကျွန်တော်တို့ အသက်တာအတွက် အဲဒီအချိန်လွန်သွားမှ နောင်တရမယ် ဆိုရင် အကျိုးရှိတေ့ာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီအချိန်ကို ဘုရားသခင် အလိုတော်နဲ့အညီ ကျွန်တော်တို့ အသုံးချဖို့ရန် လိုအပ်တယ်။
(ဟေရှာ၊ ၅၅း၆)မှာ ဘာသွန်သင်ထားသလဲဆိုရင်တော့ “တွေ့နှိင်သည့် ကာလ၌ ထာဝရဘုရား ကိုရှာကြလော့၊ နီးတော်မူသောကာလ၌ ထာဝရဘုရားကို ဆုတောင်းကြလော့။ ပြောထားပါတယ်” ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံစည်ကိုလည်းကောင်း၊ စွန့်ပစ်၍ ထာဝရဘုရားထံ တော်သို့ ပြောင်းလဲပါစေ။ ဆိုတော့ အချိန်ကာလဆိုတာရှိတယ်။ ဘုရားကိုတွေ့နိုင် တဲ့အချိန်ရှိတယ်။ ဘုရားသခင် အခွင့်ပေးတဲ့အချိန်ကာလမှာ ဘုရားကိုရှာဖို့ ဘုရား သခင်ဆီကိုချဉ်းကပ်ဖို့ ဘုရားသခင်ကိုကိုးကွယ်ဖို့ ဘုရားကိုအချိန်ပေးပြီးတော့ ဘုရား နဲ့ မိတ်သဟာယဖွဲ့ဖို့လိုအပ်တယ်။ အဲဒီအချိန်လွန်သွားမှ ကျွန်တော်တို့ နောင်တရ ရင်လည်း အကျိုးမရှိတော့ပါဘူး။
အဲဒါကြောင့် ဘုရားသခင်ရဲ့ခွင့်လွှတ့်ခြင်း ဘုရားသခင်ရဲ့ အပြစ်လွတ်ခြင်း ဘုရားသခင်ရဲ့ အကြံစည်တော်ထဲမှာ ကောင်းချီးခံစားပြီးတော့ အသက်တာပြောင်း လဲလာဖို့ရန်အတွက် ဘုရားသခင်အချိန်ပေးနေတဲ့အချိန်၊ ဘုရားသခင်ခေါ်နေတဲ့ အ ချိန်မှာ ဘုရားဆီကို ကျွန်တော်တို့လာဖို့လိုတယ်။ ချဉ်းကပ်ဖို့ရန် အင်မတန်မှအရေး ကြီးပါတယ်။ မိတ်ဆွေအတွက် ဘုရားသခင်ကို တွေ့နှိင်သောအချိန်ကာလ ကောင်း ဟာ အခုဖြစ်မယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်ကို ကျွန်တော်တို့ မပိုင်ဘူး။ နောင်နှစ်ကိုလည်း ကျွန်တော်တို့ မပိုင်ဘူး။ ဒီကနေ့ညနေ ကျွန်တော်တို့ဘာဖြစ်မလဲဆိုတာ မသိနှိင်ဘူး။ အဲဒါကြောင့် ကျွန်တော် တို့ အကောင်းဆုံးသောအချိန်က ယခုအချိန်ဒါဖြစ်တယ်။
(မာကု၁ဝး၄၆)ကို စကြည့်တဲ့အခါမှာ အဖြစ်အပျက်တစ်ခုကို တွေ့ရ တယ်။ ယေရိခေါလို့ခေါ်တဲ့ မြို့တစ်မြို့ သခင်ယေရှုခရစ်တော် လောကမှာ အသက်ရှင်တဲ့ ကာလမှာ ဧဝံဂေလိဒေသစာရီလှည့်လည်ပြီးတော့ ဟောပြောနေတာဖြစ်တယ်။ အဲလို ဟောပြောနေတဲ့အချိန်မှာ ယေရိခေါမြို့ကို ခရစ်တော်ဘုရားခဏခဏ မဖြတ်ပါဘူး။ သမ္မာကျမ်းစာကို ဖတ်ကြည့်လိုက်ပါ။ သခင်ယေရှု ယေရိခေါမြို့ကို ဖြတ်တဲ့အကြိမ် အရမ်းနည်းပါတယ်။ အဲတော့ဒီတစ်ကြိမ် ခရစ်တော်ဘုရား ဖြတ်တဲ့အခါမှာတော့ ဒီလို ဖြတ်သွားတဲ့ အသံကြားလိုက်တဲ့လူတစ်ယောက်ရှိတယ်။
ဒီလူဟာ မျက်မမြင်ဖြစ် တယ။် သူနာမည် ဗာတိမဲလို့ခေါ်ပါတယ်။ ဒီလူဟာမျက်မမြင်ပါ။ ယေရှုကိုမမြင်ရပါ ဘူး။ ယေရှုခရစ်တော်ဘုရားသခင် တရားဟောတဲ့နေရာကိုလည်း သူမသွားနှိင်ပါဘူး။ မျက်မမြင်ဖြစ်တဲ့အတွက် သူဟာသူ တောင်းစားပါနေပါတယ်။ တောင်းစား နေတဲ့လူ ဖြစ်တယ်။ သူအတွက်လောကမှာ တောင်းစားပြီးအသက်ရှင်ရပေမယ့် လူကဲ့သို့သော ပြည့်စုံတဲ့ဘဝ မရှိပါဘူး။
ဒါပေမဲ့ ခရစ်တော်ဘုရား ဖြတ်သန်းလာတဲ့ အသံကိုပဲ ကြားလိုက်တယ်။ မမြင်ရပါဘူး။ လူတွေအုံးအုံးကြွကြွနဲ့ပြောတဲ့အသံ၊ အော်ဟစ်သံ၊ ဆူညံသံတွေကို သူ ကြားရတယ်။ အဲဒီပုဂ္ဂိုလ်ကြားတဲ့အခါမှာ ဒီပုဂ္ဂိုလ်ဘာလုပ်သလဲ။ သခင်ယေရှုခရစ် တော်ဆိုတဲ့ နာဇရက်မြို့သားဟာ ဘုရားသားတော် အနာငြိမ်းစေနှိင်တယ်။ ထာဝရ အသက်ကို ပေးနှိင်တယ်။ လူရဲ့အပြစ်ကို လွတ်နှိင်တယ်။ လူကိုကယ်တယ်နိုင်တယ်။ အဲဒီအရာကို သူသိတယ်။ ကြားလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ သူကြားရတဲ့အရာ တွေဟာ နှလုံးသားထဲ့မှာ ယုံကြည်ခြင်းရှိတယ်။ ယုံကြည်တယ်။ သူခံယူတယ်။ ခရစ် တော်ဒီမြို့ကို ခဏခဏမဖြတ်ဘူး။ တစ်ခါတစ်လေလေပဲဖြတ်တာ။
ဒီဖြတ်တဲ့ အချိန် လေးဟာ သူအတွက် အခွင့်ကောင်းဖြစ်တယ်။ ဒီိလိုဖြတ်တဲ့အချိန်လေးမှာ ခရစ်တော် ဘုရားနဲ့တွေ့ဖို့က သူ့အတွက်အရေးကြီးတယ်။ အချိန်သိပ်မကြာပါဘူး။ ကျွန်တော် ထင်ပါတယ်။ ခရစ်တော်ဘုရားဖြတ်သွားတဲ့အချိန်ဟာ (၂)မိနစ် (၃)မိနစ်လောက်၊ စက္ကန့်ပိုင်းလောက်ပါပဲ။ သူအတွက် အရေးကြီးတဲ့အချိန် ဖြစ်တယ်။ အဲဒါနဲ့သခင် ယေရှု ခရစ်တော်ဖြတ်သွားတယ်ဆိုတဲ့အသံကို သူကြားလိုက်တဲ့အခါမှာ သူဘာလုပ် သလဲ (မာကု၊ ၁ဝး၄၇)လောက်မှာ ကျွန်တော်တို့ ကြည့်တဲ့အခါမှာ သခင်ယေရှုခရစ် တော်ကို သူခေါ်တယ။် ယေရှုခရစ်တော်ဘုရားကို သူဆုတောင်းတယ်။ ဒါ၀ိဒ်သား တော် ယေရှုအကျွနု်ပ်ကို ကယ်မသနားတော်မူပါလို့ သူဟစ်အော်တယ်။ ကျွန်ုပ်ကို ကယ်ပါ ကျွန်ပ်ကို သနားပါလို့ ခရစ်တော်ဘုရားကို ခေါ်တယ်။ လူအုပ်များတော့ သူ့အတွက် အဆီးအတားတွေရှိတယ်။
(မာကု၊ ၁ဝး၄၈)မှာ “ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူများ တို့သည် ငေါက်၍ဆိုကြသော်လည်း”တဲ့။ ကြည့်စမ်း အတားအဆီးရှိတယ်။ သူမှာ လူတွေက နော် ဒီမျက်မမြင်ကို ခရစ်တော်ဘုရားဆီကို မပို့ကြတဲ့အပြင်ကို သူ့ကို ငေါက်ကြ တယ်။ အပြစ်တင်ကြတယ်။ မအော်နဲ့နားညီးတယ်။ တိတ်တိတ်နေစမ်း။ မင်နဲ့ယေရှု နဲ့မတန်ဘူးကွာလို့၊ပြောတဲ့သူလည်း ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ဒီလူဟာဇွဲမလျှှော့ ဘူး။ “ဒါ၀ိဒ်သားတော်ယေရှု ကျွနု်ပ်ကိုကယ်ပါ သနားပါ”ဆိုပြီးတော့မှ လုံးဝဇွဲမ လျှော့ဘဲ အော်ဟစ်တယ်။ ဒီအခါမှာ တောင်းတောင်းတတ၊ လိုလိုချင်ချင် ယုံကြည် သောနှလုံးသားနဲ့ ခရစ်တော်ဘုရားကို အော်တာ၊ ခေါ်တာ၊ ခရစ်တော် ဘုရားကို တောင်းဆိုနေတာကို သနားခြင်းခရုဏာရှိတော်မူသော ခရစ်တော်ဘုရားက ကြား တယ်။ လူတွေက မကြားနှိင်အောင် ဘယ်လောက်ပဲတားဆီး ပိတ်ပင်နေပေမယ့် ယေရှု ကြားတယ်။
ဒီအခါမှာ ယေရှုခရစ်တော် သူ့ကို ဘာလုပ်ပေးလိုက်လဲ၊ သင်ဘာ အလိုရှိသလဲလို့ ခရစ်တော်ဘုရားသခင်က မေးတယ်။ သူက အကျွန်ုပ်မျက်စိမြင် လိုပါတယ်လို့ ကန်းသောသူ ဗာတိမဲက ခရစ်တော်ဘုရားကို အသနားခံတဲ့အခါမှာ ခရစ်တော်ဘုရားက ဗာတိမဲကို (မာကု၊ ၁ဝး၄၉)မှာ မဆိုးရိမ်နှင့်။ ထလော့ သင်ကို ခေါ်တော်မူတယ်။ ခရစ်တော်ဘုရား သူ့ကိုခေါ်တဲ့အခါမှာ လူတွေက သူ့ကိုခရစ် တော်ဘုရားဆီပို့ဆောင်တဲ့အခါမှာ သူကိုဘာ လုပ်ပေးလိုက်လဲ (အငယ်-၅၂)မှာ အရှင်ဘုရား အကျွန်ုပ်ကို မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါလို့ လျှောက်တယ် ဒီအခါ မှာ ခရစ်တော်ဘုရားက ဘာပြောလိုက်လဲ ယေရှုက သွားလော့ သင်၏ယုံကြည်ခြင်း သည် သင်ကိုကယ်မလိမ့်မည်ဟု မိန့်တော်မူတယ်။ ထိုခဏချင်းတွေ ထိုသူမျက်စိမြင် ၍ နောက်တော်သို့ လိုက်လေ၏။ ဟာလေလူယာ။
အဲဒါကြောင့်အသက်တာမှာ ဘုရားကိုလိုလိုချင်ချင် ခရစ်တော်ဘုရားရဲ့ ကယ်တင်ခြင်း တကယ်လိုချင်တဲ့သူက ခရစ်တော်ဘုရား အခွင့်အရေးပေးတယ်။ ဒါ ကြောင့် မိတ်ဆွေလည်း လူ့ဘဝကြီးမှာတစ်ခါလောက် လူဖြစ်လာခွင့်ရတဲ့အခိုက် မှာ ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ ကြီးမြက်တဲ့ကယ်တင်ခြင်းရသွားဖို့ အရေးကြီးတယ် ဆိုတာ ကျွန်တော်မေတ္တာအား ဖြင့်သတိပေးလိုပါတယ်။ တွေ့နိုင်တဲ့ကာလမှာ ဘုရား ကို ရှာပါ။ တွေ့နိုင်တဲ့ကာလမှာ ယေရှုခရစ်တော် ဘုရားကိုရှာပါ။ ယေရှုကို လက်ခံပါ။
ယေရှုခရစ် တော် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင် ဤလောကကို ကြွလာပြီးတော့ မိတ် ဆွေနဲ့ကျွန်တော့်အတွက် အပြစ်လွတ်ပေးပြီးပြီ။ လက်ဝါးကပ်တိုင်မှာ အသေခံပြီး တော့ အပြစ်ကြွေးရှိသမျှကိုဆပ်ပေးပြီးပြီ ဖြစ်တယ်။ အဲဒီအရာကို လက်ခံဖို့က ဒီက နေ့ ကျွန်တော်တို့အတွက် အကောင်းဆုံးသောအချိန်ဖြစ်တယ်။ ကျွန်တော်တို့ မနက် ဖြန်ကိုမပိုင်ဘူး။ ကျွန်တော်တို့မွေးတဲ့နေ့ရှိလာခဲ့ပြီးပြီ။ သေရမည့်အချိန်၊ သေရမည့် နေ့ ရှိအုံးမယ်။ ဒီအတွက်အရေးကြီးပါတယ် မဟုတ်ဘူးလား။ ကျွန်တော်တို့ သမ္မာ ကျမ်းစာ (၂ကော၆း၂)မှာ ပြောပါတယ်။
ကျွန်တော်တစ်နေရာကို ရောက်သွားတဲ့အခါမှာ ကယ်တင်ခြင်း ဝေငှတယ်။ (၈)ရက်၊ (၈)ညတိတိ၊ သင်တန်းပေးပါတယ်။ အဲဒီ (၈)ည သင်တန်းပေးပြီး နောက် ဆုံးညမှာ သင်တန်းတက်တဲ့ လူ(၃၀)ကို ကျွန်တော်မေးတယ်။ ကယ်တင်ခြင်းတ ကယ်စိတ်ချပြီလား။ ကယ်တင်ခြင်းရပြီလား။ ရတဲ့လူတွေ လက်ထောင်ပါလို့ ကျွန် တော်ပြောတဲ့အခါမှာ (၃)ပုံ (၂)ပုံ လောက်က လက်ထောင်တယ်။
ဆိုတော့ အဲဒီည မှာ ရောက်လာတဲ့ အဒေါ်ကြီးတစ်ယောက်က ဘာပြောလဲ ဆိုတော့ ဆရာတို့၊ ကျွန်မ တစ်သက်လုံး ကျမ်းစာဖတ်လာတာ သေရင်ဘယ်သွားလဲ သိနိုင်တဲ့သူ မရှိဘူးနော်။ အခုဆရာတို့ အဲလိုသင်တာ မမှန်ဘူးထင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါနဲ့ ကျွန်တော် ပြောတယ်။ အဒေါ်ရေ ထိုင်ပါ။ အဒေါ်ဒီညမှ ရောက်လာတာ သူသဘော မပေါက်ဘူး။ သိချင်ရင် ကျမ်းစာသင်ပေးမယ်၊ အဒေါ် စီစဉ်လိုက်ပါ။ ဒီည နောက်ဆုံး ပြီးပြီ၊ ပြီးရင် အေဒေါ်ဆီမှာ လာသင်ပေးမယ်လို့ ပြောတော့ စိတ်မကျေမနပ်နဲ့ သူ ပြန် သွား ပြီးတော့ စီစဉ်တယ်။ အဲတော့ ကျမ်းစာသွားသင်တယ်။ နောက်နေ့ညမှာ စပြီး တော့သူ့အိမ်မှာ လူအရောက်(၃၀)လောက် ကျွန်တော်ကျမ်းစာသင်တဲ့အခါမှာ သူ မေးချင်တယ်။ မမေးနဲ့၊ သင်တန်းပြီးရင် အာလုံးရှင်းသွားပါလိမ့်မယ်လို့ ကျွန်တော် ရှင်းပြတယ်။ (၅)ည သင်ပါမယ်။ (၅)ညတိတိသင်တန်းပေးပြီးတဲ့အခါမှာ (၅)ည မရောက်ခင် (၄)ညမြောက်မှာပဲ သူဘုရားသခင် အလင်းပေးခြင်း ခံစားရတဲ့အတွက် အသက်တာ ပြောင်းလဲသွားတယ်။
(၂ကော၊ ၆း၂)အားဖြင့် သူအသက်တာ ပြောင်းလဲသွားတယ်။ “ယခုပင် နှစ်သက်ဖွယ်သောအချိန် ဖြစ်၏။ ယခု ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။” ဒါကြောင့် ဘုရားသခင်နှစ်သက်သော အချိန်ကောင်းဟာ မနက်ဖြန်တစ်ဘက်ခါ မဟုတ်ဘူး။ ယခုပဲ ဖြစ်တယ်။ ကယ်တင်ခြင်းလက်ခံဖို့ ကယ်တင်ခြင်းရဖို့ မနက်ဖြန်တစ်ဘက်ခါ မဟုတ်ဘူး။ ယခုပဲဖြစ်တယ်လို့ သမ္မာကျမ်းစာနဲ့ပြောမှ ထိုအဒေါ်ကြီးဟာ မျက်ရည် ဝဲပြီးတော့ သဘောပေါက်ကာ အသက်တာပြောင်းလဲသွားတယ်။ ဒါကြောင့် မိတ်ဆွေ ကိုလည်း ပြောပြချင်တယ်။ ကယ်တင်ခြင်းရဖို့ ထာဝရအသက်ရဖို့ မနက်ဖြန်တစ် ဘက်ခါ နောင်နှစ်မဟုတ်ပါဘူး။ ခုနက ဗာတိမဲလေး ခရစ်တော် ဖြတ်သန်းသွားတဲ့ တိုတောင်းတဲ့ အချိန်လေးဟာ သူအတွက်အရေးကြီးဆုံးပဲ။ ခရစ်တော်ဘုရားနဲ့ မတွေ့ ခဲ့ရင် လူဖြစ်ခွင့်ရတာ ဘာမှအကျိုးမရှိဘူး။
အဲဒါကြောင့် ဘယ်လောက်ဘဲ အတားအ ဆီးရှိရင်လည်း အဲဒီအရာကို ကျော်လွန်ပြီးတော့ ခရစ်တော်ဘုရားကို အော်ဟစ် တယ်။ ဒါကြောင့် ဒီကနေ့ ဒီအချိန်ကာလမှာလည်း မိတ်ဆွေအတွက်ဘာတွေများ အ တားအဆီးရှိနေလို့လဲ။ ဂိုဏ်းဂနကလား၊ လူမျိုးရေးကလား၊ ဘာသာတရားက လား၊ မိတ်ဆွေအတွက် ခရစ်တော်နှင့်မတွေ့အောင် ဘာကဆီးတားနေလဲ မိတ်ဆွေရဲ့ သင်းအုပ်ဆရာလား။ သင်းလူကြီးလား။ ဘယ်အရာတွေက ဆီးတားဆီးတား ယေရှု ခရစ်တော်နဲ့တွေ့ဖို့က မိတ်ဆွေအတွက် အရေးကြီးတယ်။ ဘယ်အဆီးအတားကို ကျော် ပြီးတော့ ခရစ်တော်ဘုရားနဲ့တွေ့ဖို့ရန်အတွက် မိတ်ဆွေ ယုံကြည်ခြင်းတရားနဲ့ ခရစ်တော်ဘုရားကို ဆုတောင်းပြီးတော့ လက်ခံလိုက်ပါ။
မိတ်ဆွေအသက်တာထဲ ကို ထိုယေရှုခရစ်တော်ဘုရားက ရောက်လာပြီး မိတ်ဆွေရဲ့ဘဝကို ပြောင်းလဲစေ မှာဖြစ်တယ်။ မိတ်ဆွေရဲ့ အသက်တာဟာ ယေရှုဘုရားနဲ့တွေ့ပြီး ထာဝရအသက်ကို ရလျက်၊ ဝမ်းမြောက်ပျှော်ရွှင်တဲ့အသက်တာမှာ အသက်ရှင်ရပါလိမ့်မယ်။ မိတ်ဆွေ ယခုဘာဝ ဝမ်းမြောက်ပျှော်ရွှင်ရရုံသာမက ထာဝရမပြောင်းလဲတဲ့ကိုယ်တော် ဘုရား ပြင်ဆင်ထားတဲ့ ရွှေအိမ်တော်မှာ ကိုယ်တော်နှင့်အတူ ထာဝရစိုးစံပြီးတော့ အသက် ရှင်ရမှာဖြစ်တယ် ဆိုတာ ဒီကနေ့အချိန်နဲ့ ပတ်သက်ပြီး တန်ဖိုးထားပြီးတော့ ခံယူဖို့ ဝေငှလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါ်မှာ အံသြစွာ ဘုရားရှင်ကောင်းချီးပေးပါစေ။
ဆရာ စောကေ
No comments:
Post a Comment