ကယ်တင်ခြင်းလမ်း

  မင်္ဂလာပါ၊ ဓမ္မမိတ်ဆွေအားလုံးကို မင်္ဂလာရှိတဲ့အကြောင်းတစ်ခု

 ဝေငှလိုပါ တယ်။ လူဆိုတာလောကမှာ ဧည့်သည်ဖြစ်တယ်။

 လောကမှာ ဘယ်လောက်ကြာ ကြာနေရမလဲဆိုတာ မသိပါဘူး။ လူ့ရဲ့အသက်တာဟာလည်း အခိုးအငွေ့ပဲ ဖြစ်ပါ တယ်။ ခဏထင်ရှားပြီး ကွယ်ပျောက်တတ်တဲ့အရာ ဖြစ်တယ်။ နေ့မြင်ပေမယ့် ည ပျောက်တတ်တဲ့အရာ ဖြစ်တယ်။ အဲကြောင့် လောကထဲက မထွက်ခွာခင်မှာ သံသ ရာဝဋ်ဆင်းရဲထဲကနေ လွှတ်ပြီးတော့ အိုနာသေခြင်းကင်းတဲ့ ဘုရားရဲ့ဘုံကို ဝင်းစား နိုင်တဲ့နည်းလမ်း ကျွန်တော်တို့ ရှာဖို့ရန်အတွက် လိုအပ်ပါတယ်။ နိုင်ငံတစ်ခုကို ကျွန် တော်တို့မကူးခင်မှာ သွားဖို့ရန်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကြိုတင်ပြင်ဆင် ရတာဖြစ်တယ်။ ကြိုတင်ပြင်ဆင်မှုမရှိရင်

ကျွန်တော်တို့အသက်တာပဲ ဆုံးရှုံးသွား မှာဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဒါကြောင့် ကောင်း ကင်နိုင်ငံကို ဘယ်နည်းဘယ်လမ်းနဲ့သွားလို့ရမလဲဆိုတာ ဒီကနေ့ ကျွန်တော်ဝေငှ ချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံကနေ ကူးမယ်ဆိုရင် လူတွေက နည်းလမ်းအမျိုးမျိုးရှိတယ် လို့ ပြောကြတယ်။ ကောင်းကင်နိုင်ငံသွားဖို့လည်း ဒီလိုပဲ နည်းလမ်းအမျိုးမျိုးရှိတယ် လိ့ု လူတွေက ပြောကြပါတယ်။ မှန်ပါတယ်၊ နိုင်ငံတစ်ခုနှင့် တစ်ခု ကူးဖို့ကနည်းလမ်း အမျိုးမျိုးရှိတာ မှန်ပါတယ်။ ရထားနဲ့ကူးလို့ရတယ်။ ကားနဲ့လည်းရမယ်။ လေယာဉ်နဲ့ လည်းရမယ်။ ပင်လယ်ရေကြောင်းနဲ့နီးရင် ပင်လယ်ရေကြောင်းကနေ သွားလို့လည်း့ ရတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကို ကူးဖို့က လမ်းအသွယ်သွယ်ရှိပေမယ့် လကမ္ဘာကို သွားဖို့အတွက် လမ်းအသွယ်သွယ် မရှိပါဘူး။ လကမ္ဘာကို သွားဖို့ရန်တွက် အာကာ သယာဉ်နဲ့ပဲ သွားလို့ရပါတယ်။ အခုနိုင်ငံ တစ်ချို့သွားနိုင်တဲ့ တိုးတက်တဲ့နိုင်ငံတွေ၊ သိပ္ပံနည်း ထွန်းကားတဲ့နိုင်ငံတွေဟာ အာကာသယာဉ်နဲ့သွားကြပြီ ဖြစ်ပါတယ်။

အဲဒီထက်မြင့်မားတဲ့ ဘုရားသခင်ရဲ့အိမ်တော်၊ ကောင်းကင်ရွှေပြည် တော် ကိုတော့ အာကာသယာဉ်လည်း မပို့ပေးနိုင်တော့ပါဘူး။ အဲဒီနေရာကို ပို့ပေးနိုင်တဲ့ သူတစ်ဦးပဲရှိတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူလည်းဆိုရင် သခင်ယေရှုခရစ်တော် ဘုရားပဲ ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်ဟာဆိုရင် ကောင်းကင်နှင့်မြေကြီးကို

ဖန်းဆင်းတဲ့ဘုရား ဖြစ်တယ်။ လူတွေကိုလည်း ဖန်းဆင်းတဲ့ဘုရားဖြစ်တယ်။ အရာ

ခပ်သိမ်းကို ဖန်းဆင်းတော်မူတော်ဘုရား ဖြစ်တယ်။ အဲဒီဘုရားဟာ လူတွေကို ချစ်တဲ့အတွက် အပြစ်ထဲမှာ နစ်ပြီး အပ္ပါယ်လားရမည့်လူတွေကို ကယ်တင်ဖို့ဘုရား စစ်စစ်ကနေ လူကိုကယ်တင်ရန် ဤလောကကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင် ကျော်လောက်က ဤကမ္ဘာမြေကိုကြွလာခဲ့သော ဘုရားဖြစ်တယ်။ လူကနေကျင့်ပြီး တော့ ဘုရားပွင့်တာ မဟုတ်ပါဘူး။ ဘုရားစစ်စစ်ကနေ လူကိုကယ်ဖို့ ဤလောကကို ကြွလာတာ ဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ ကယ်တင်ခြင်းလိုအပ်တယ်။ ဘာဖြစ် လို့လဲဆိုတော့ လူတွေဟာ အပြစ်သားဖြစ်တယ်။ ကောင်းမှုကုသိုလ်လုပ်လို့ ကုသိုလ် တစ်ပဲရရင် အကုသိုလ်ငရဲသွားဖို့တစ်ပိဿာလောက်နေရှိလို့ ဖြစ်တယ်။ ကုသိုလ် တစ်ပဲ ငရဲတစ်ပိဿာလို့ ဗမာစကားပုံရှိပါတယ်။ ဒါကြောင့် သံသရာက လွတ်ဖို့ရန် အတွက် လူ့ဖက်ကလုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဘုရားစစ်စစ်ကနေ လူကိုကယ်တင် ဖို့ ယေရှုခရစ်တော်ဟာ ဤလောကကို ဆင်းကြွလာတာ ဖြစ်တယ်။ သူဟာ ဘာသာ တရားကို တည်ထောင်ဖို့ မဟုတ်ပါဘူး။ လူတွေကို အပ္ပါယ်ငရဲက ကယ်တင်ဖို့ရန် အတွက်သက်သက်ပဲ သူက  ဤလောကကို ကြွဆင်းလာတာ ဖြစ်တယ်။

အဲဒါကြောင့် သံတရာဝဋ်ဆင်းရဲဆိုတဲ့ ငရဲကနေလွှတ်ပြီးတော့ ကောင်းကင် နိုင်ငံကို သွားဖို့အတွက် လမ်းအသွယ်သွယ်မရှိပါဘူး။ လမ်းတစ်လမ်းထဲပဲ ရှိပါတယ်။ အဲဒီလမ်းက သခင်ယေရှုခရစ်တော်ပဲ ဖြစ်တယ်။ ဒါကြောင့်သခင်ယေရှုခရစ်တော် ကိုယ်တိုင်က အတိအလင်းပြောထားတာ ဘာလဲဆိုတော့၊ (ယော၊ ၁၄း၆) “ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”လို့ အတိအလင်းပြော ထားပါတယ်။ ဒါကြောင့် ဒီသံတရာဝဋ်ဆင်းရဲကနေ ကောင်းကင်ကို သွားဖို့ရန်အ တွက် လမ်းတလမ်းပဲ ရှိပါတယ်။ ဘာသာရေးတရား လမ်းလည်းမဟုတ်ဘူး။ လူမှုရေး လမ်းလည်းမဟုတ်ဘူး။ ကိုယ်ကျင့်တရားလမ်းလည်း မဟုတ်ဘူး။ သခင်ယေရှု ခရစ် တော်ဆိုတဲ့ လမ်းခရီးဖြစ်တယ်။

ကျွန်တော်တို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးမြောက်ဖို့ရန်အတွက် လမ်းလျောက် လို့မရပါဘူး။  လေယာဉ်ကို စီးပြီးအားကိုးအမှီပြုတဲ့အခါ မိုင်ထောင်ပေါင်းမြောက် များစွာ ဝေးပေမယ့် နာရီပိုင်းလေးနဲ့ကျွန်တော်တို့ရောက်နှိင်တာ ဖြစ်တယ်။ ဒီလိုပါပဲ၊ သံတရာဝဋ်ဆင်းရဲ လွတ်ဖို့ရန်တွက် ကျွန်တော်တို့ရဲ့ ကံဉာဏ်ဝိရိယကို အားကိုး လို့မရဘူး။ ကျွန်တော်တို့ကို ပို့ဆောင်ပေးနေတဲ့ အရှင်ယေရှုခရစ်တော်တစ်ပါးထဲကိုပဲ အားကိုးဖို့ ဖြစ်တယ်။ အဲဒီယေရှုခရစ်တော်ကို အမှီပြုဖို့ပါတယ်။ ကျွန်တော်တို့ မော်တော်ကားကို အမှီပြုတဲ့အခါမှာ မော်တော်ကားကို စီးသွားရင်းနဲ့ကားပေါ်မှာ အိပ် ငိုက်နေရင်လည်း အချိန်တန်ရင် ရောက်သွားတာပဲ။ ဒီလိုပါပဲ ခရစ်တော်ဘုရားကို အမှီပြုတဲ့သူဟာ ခရစ်တော်ဘုရားရဲ့မစခြင်း ကျေးဇူးတော်သက်သက်အားဖြင့် သံတရာဝဋ် ဆင်းရဲ ကနေ လွတ်နှိင်တာဖြစ်တယ်။

ဒါကြောင့် မိတ်ဆွေရဲ့အသက်တာမှာ သံတရာဝဋ်ဆင်းရဲဆိုတဲ့ အပ္ပါယ်ငရဲ က လွတ်ပြီးတော့ ဘုရားပြင်ဆင်ပေးတဲ့ အိုနာသေခြင်းကင်းတဲ့ ဘုရားရဲ့ဘုံကို ရောက်ချင်တယ်ဆိုရင် သခင်ယေရှုခရစ်တော်ကို မိမိရဲ့ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံဖို့၊အမှီပြုဖို့ရန်အတွက် အရေးကြီးတယ်။ မိတ်ဆွေရဲ့အသက်တာမှာ ယနေ့ စဉ်းစားကြည့်ပါ။ မိတ်ဆွေ ကျင့်နေတဲ့အကျင့်ဟာ မိတ်ဆွေကို ကယ်နိုင်မလား? မိတ်ဆွေရဲ့ကောင်းမှုကုသိုလ်ကလည်း ငရဲကနေလွှတ်ဖို့ရန် မိတ်ဆွေကို ကယ်တင် နှိင်ပါ့မလား? အဲဒီအရာတစ်ခုမှ ကျွန်တော်တို့ကို အာမခံချက်မပေးနှိင်ဘူး။ အာမခံ ချက်ပေးပြီး ကယ်တင်နှိင်တာ ယေရှုခရစ်တော်တစ်ပါးတည်းပဲရှိတယ်။ ကောင်းကင် နှိင်ငံသွားဖို့ရန်အတွက် ဒီိလမ်းတစ်လမ်းတည်းပဲ ရှိပါတယ်။

ဒါကြောင့်မသေခင်မှာ ဒီလောကကနေမထွက်ခွာသွားခင်မှာယေရှု ခရစ် တော်ကို လက်ခံဖို့အမှီပြုဖို့လိုတယ်။ ဒီလိုပြောတဲ့အခါမှာ တချို့လူတွေက အချိန်ရွေ့ ဆိုင်းချင်တယ်။ နောင်နှစ်မှပဲ သခင်ယေရှုခရစ်တော်အကြောင်းကို လေ့လာမယ်။ နောင်မှပဲ ကယ်တင်ရှင်ကို လက်ခံမယ်။ ဆိုပြီးတော့မှ တစ်ချို့လူတွေဟာ အချိန်ရွေ့ ဆိုင်းတတ်ပါတယ်။  သမ္မာကျမ်းစာမှာ ဘာပြောသလဲဆိုရင်၊ (သုတ္တံ ၂ရး၁)မှာ “နက် ဖြန်နေ့ကို အမှီပြု၍မဝါကြွားနှင့်၊၊ တစ်ရက်အတွင်းတွင် အဘယ်သို့ဖြစ် လိမ့်မည်ကို မသိနိုင်” အဲလိုပြောပါတယ်။ အခုမိတ်ဆွေဟာ အသက်ရှင်နေပေမယ့် နောက်တစ် နာရီမှာ ဘာဖြစ်မလဲဆိုတာ မိတ်ဆွေကြိုမသိနှိင်ဘူး။ နားမလည်နိုင်ဘူး။ မလေးရှား ကနေပြီးတော့မှ တရုတ်ပြည်ကို ထွက်သွားတဲ့လေယာဉ်ဟာ လူအယောက် သုံးရာနီး ပါးလုံးဝပျောက်သွားတာ ဖြစ်တယ်။ ဒါက ကမ္ဘာ့သတင်းထဲက ကြားရတာဖြစ်တယ်။ အဲဒီလို ပျောက်သွားမယ်ဆိုတာ ကြိုသိခဲ့ရင် ဘယ်သူက အဲဒီလေ ယာဉ်ကို စီးမလဲ? ကြိုမသိလို့ လူတွေက အဲဒီလေယာဉ်ကို စီးသွားကြတာ ဖြစ်တယ်။ ကျန်ရစ်တဲ့ မိသား စုများ ဝမ်းနည်းပူဆွေးရတယ်။

ဒီလိုပါပဲ မနက်ဖြန်ဘာဖြစ်မလဲ? ခဏနေရင် ဘာဖြစ်မလဲ? ကျွန်တော် တို့ ကြိုမ သိနိုင်ဘူး။ ကြိုမသိနိုင်တဲ့အတွက် မသေခင်လေးမှာ သွားရမည့် ကောင်းကင် လမ်းကို ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်။ ကယ်တင်လမ်းကို တွေ့မြင်သွားဖို့ရန် အတွက် အရေးကြီးတယ်။ အဲဒီလမ်းကိုတွေ့မြင်ပြီးတော့၊ အဲဒီလမ်းကို ရရှိပြီးတော့ အသက်ရှင်မှာသာလျှှင် အသက်တာဟာ အာမခံရှိမယ်။ ဘုရားသခင်ရရှေ့တော် မှောက်မှာ မိတ်ဆွေရဲ့အသက်တာဟာ ဘုရားသခင်ရှေ့မှောက်အသက်ရှင်ရတာ တိုတောင်းပါတယ်။ ရခဲတဲ့အသက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရခဲတဲ့အသက် တာ အသက်ဆီမီးမကုန်ခန်းခင်လေးမှာ ကယ်တင်ရှင်ယေရှုခရစ်တော် ပြင်ဆင်ပေး တဲ့ကယ်တင်ခြင်းလမ်းကို တွေ့ပြီးလက်ခံကာ ကောင်းကင်ဘုံဝင်စားဖို့ရန်အတွက် အာမှခံချက်ကို ယခုပင်ရယူပါလို့ မိတ်ဆွေကို ဝေငှလိုပါတယ်။ ထိုကယ်တင်းခြင်း လမ်းဖြစ်တဲ့ အရှင်ယေရှုခရစ်တော်ကို အားကိုးအမှီပြုလျက် နောင်တမလွန် အာမခံ ချက် ကို ရယူကြပါစို့။

သမ္မာကျမ်းစာက ဘာပြောသလဲဆိုရင် (၂ကော၊ ၆း၂) “ယခုပင် နှစ်သက် ဘွယ်သောအချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလ ဖြစ်၏။” ကယ်တင်ခြင် နေ့ရက်ဆိုတာက မနက်ဖြန်၊ တစ်ဘက်ခါမှလက်ခံ ရွေ့ဆိုင်းဖို့မဟုတ်ဘူး။ သမ္မာ ကျမ်းစာက အတိအလင်းပြောပါတယ်။ ယခုပင်နှစ်သက်ဘွယ်သော အချိန်ဖြစ်တယ်။ ဒါကြောင့် ဘုရားပေးတဲ့ အခွင့်အရေးကောင်းအချိန်လေးဟာ ယခုပဲ ဖြစ်တဲ့အတွက် မိတ်ဆွေအခုပဲ ဒူးထောက်ပြီး၊ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံလိုက်ပါမိတ်ဆွေ၊ အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီး အပြစ် ကြွေးရှိသမျှ အားလုံးကို ဆပ်ပေးပြီးပြီ ဖြစ်တယ်။ မိတ်ဆွေရဲ့အပြစ် အားလုံးကို အ သွေးတော်နှင့် ဆေးကြောပေးပြီးပြီ ဖြစ်တယ်။ မိတ်ဆွေရဲ့အပြစ်တွေ ယေရှုခရစ် တော် ဖြေလွှတ်ပေးပြီးပြီ ဖြစ်တယ်။ အဲဒီဖြေလွှတ်ပေးပြီးတဲ့ ယေရှုခရစ်တော်ကို ငါ့ ကယ်တင်ရှင်၊ ငါ့ဘုရားဆိုပြီးတော့ ယခုပဲရှိတဲ့နေရာမှာ ဒူးထောက်ပြီးတော့ ဆု တောင်းလက်ခံလိုက်ပါ။ ဆုတောင်းချက်လေး သဘောတူမယ်ဆိုရင် လိုက်ပြီးတော့ ဆုတောင်းလို့ရပါတယ်။ 

ယေရှုခရစ်တော်ဘုရား၊ ကျွန်ုပ်စိတ်နှလုံးတံခါးကို ဖွင့်ပါပြီ၊ ကယ်တင်ရှင် အဖြစ် ကိုယ်တော်ကို ကျွနု်ပ်လက်ခံပါပြီ။ ကျွနု်ပ်အသက်တာထဲကို ယခုပင် ဝင် ရောက်အုပ်စိုးတော်မူပါ။ ကယ်တင်ရှင် ကိုယ်တော်ကို ကျွနု်ပ်ဆက်ကပ်ပါ၏။ ယုံ ကြည်ပါ၏”လို့ ဆုတောင်းခဲ့ရင် မိတ်ဆွေရဲ့ အသက်တာထဲကို ခရစ်တော်ဘုရား ဝင်ရောက်လာပြီး၊ မိတ်ဆွေဟာ ကောင်းကင်လမ်းကို တွေ့မြင်၍ ကောင်းကင်ကို ဝင်စားသောဘုရားသားဖြစ်ပေလိမ့်မယ်ဆိုတာ မေတ္တာအားဖြင့် ဝေငှပါတယ်။

              အယောက်စီတိုင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ….

ဆရာစောကေ

No comments:

Post a Comment