လောကဧည့်သည်

အသက်ရှင်တော်မူသော ခရစ်တော်ရဲ့မြတ်နာမ၌ 

မင်္ဂလာပါလို့ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း နှုတ်ခွန်း

ဆက်သချင်ပါတယ်။ နေရာအသီးသီးမှာ ရှိတဲ့ မိတ်ဆွေတို့အားလုံး စိတ်ရဲ့ကျန်းမာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်း ခံစားနိုင်ဖို့ ဘုရားသခင်ကောင်းချီးပေးပါစေ။ လောကမှာအသက်ရှင်တဲ့ ကျွန်တော်တို့အားလုံး ဟာ လောကဧည့်သည်တွေ ဖြစ်တယ်။ ဧည့်သည်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လောကမြေကြီးပေါ်မှာ ထာဝရမနေပါဘူး။ ကျွန်တော်တို့ ဘယ်ကလာသလဲ? ဧည့် သည်ဆိုတာ လာတဲ့နေရာရှိပါတယ်။ပြီးရင် ပြန်သွားတဲ့အခါ ဘယ်ကိုပြန်မလဲဆိုတာ လည်း ပြန်မည့်
နေရာရှိရပါမည်။ အဲ့တော့ မိတ်ဆွေရဲ့အသက်တာမှာ လောကဧည့် သည် ဖြစ်ပြီးတော့ ဒီလောက ကနေထွက်သွားတဲ့အခါမှာ မိတ်ဆွေ၊ ဘယ်ကိုပြန် မလဲဆိုတာ၊ မိတ်ဆွေ ပြန်မည့်နေရာ၊ ပြန်ရမည့်နေရာ တကယ်သိပြီလား၊ ပြန်ရမည့် နေရာရှိပြီလားဆိုတာ မိတ်ဆွေရဲ့အသက်တာမှာ ဒီကနေ့ စဉ်းစားဖို့ရန်အတွက် အ ရေးကြီးပါတယ်။ လူတွေဟာ စားရင်း၊ လုပ်ရင်း၊ ရှာဖွေရင်း....

အသက်ရှင်ရင်းနဲ့ ဒီလိုပဲ သေသွားကြတယ်။ ဘယ်ကလာလို့ ဘယ်ကိုသွားကြမလဲဆိုတာ မစဉ်းစားကြဘူး။

ဒါကြောင့် ဒီကနေ့ဒီအရာကို အလေးအနက် စဉ်းစားစေချင်ပါတယ်။ မည် သူမပြု မိမိမှုဆိုတဲ့စကားအတိုင်းပဲ၊ ကိုယ်ကိုယ်တိုင် မပြုပြင်ဘူးဆိုရင် နောင်တမလွန် မှာ ကိုယ်ကိုယ်တိုင်ပဲ ဝမ်းနည်းပေရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်၊ လောကမှာ ငယ် ရွယ်ချိန်မှာ ပညာမသင်တဲ့လူက အသက်ကြီးမှနောင်တရကြတာ အများကြီးရှိပါ တယ်။ နောင်တရတဲ့အခါမှာ နောင်တရပြီးရင် ပြင်လို့မရတာကတော့ အားလုံးအသိ ပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့ရဲ့အသက်တာမှာ ဒီလောကကနေ ထွက်ခွါတဲ့အခါမှာ ကျွန်တော်တို့ အိမ်ပြန်ရမည့်နေမှန် မရောက်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဝမ်းနည်း ကြေကွဲပြီး ဘယ်လိုမှပြင်လို့ မရတော့ပါဘူး။ ဝမ်းနည်းကြေကွဲပြီးတော့မှ ကျွန်တော် တို့ မပြင်ခဲ့တဲ့အမှားအတွက် ခံစားဖို့ပဲ ရှိပါတော့မယ်။

(ဆာလံ ၃၉း၁၂)မှာ “…ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့၊ အ ကျွန်ုပ်သည် ရှေ့တော်၌ဧည့်သည် အာဂန္တုဖြစ်၏။”လို့ ဆာလံဆရာက မြွက်ဆို ထားပါတယ်။ မှန်ပါတယ်။ သူတို့ရဲ့ဘိုးဘေးတွေက ဧည့်သည်တွေပါပဲ၊ မွေးလာ တယ်။ အသက်ကြီးလာတယ်၊ ပြီးတော့သေသွားကြတယ်။ ထာဝရလောကမှာ မနေ ကြဘူး။ ဒါကြောင့် သူတို့ဘိုးဘေးတွေ မရှိတော့ဘူး။ သေသွားကြပြီတဲ့၊ ကျွနု်ပ်ဟာ လည်း ဒီလိုဘိုးဘေးတွေလိုပဲ သေရအုံးမယ်။ တစ်နေ့သေရမည့် ဧည့်သည် စစ်စစ် ပါပဲဆိုတာ ဆာလံဆရာက ပြောပါတယ်။ ဒါကြောင့်မို့လို့ ဤစာကို ဖတ်နေကြတဲ့ မိတ်ဆွေအားလုံးရဲ့ အသက်တာဟာ ဧည့်သည်ပဲ ဖြစ်တယ်။ ဒီကနေ့ မိတ်ဆွေရဲ့ အသက်တာမှာ ဘိုးဘေးတွေ အကြောင်းကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ဆွေစဉ်မျိုး ဆက်တွေ အများကြီးရှိပေ လိမ့်မယ်။ အဲ့ဒီဆွေစဉ်မျိုးဆက်ထဲမှာ အသက် ၅၀၀၊ အသက် ၁၀၀၀ အသက်ရှင်တဲ့လူ မရှိပါဘူး။ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲဆိုရင် သူတို့ သေသွားကြပြီ။ သူတို့လည်း ဧည့်သည်ပဲ ဖြစ်ကြလို့ ဖြစ်ပါတယ်။

ဒီလိုပါပဲ ဒီစာကို ဖတ်နေကြတဲ့ မိတ်ဆွေဟာလည်း ဧည့်သည်ဖြစ်တဲ့ အ တွက် တစ်နေ့ဒီလောကထဲကနေ ထွက်ခွါသွားပေလိမ့်မယ်။ ကောင်းပြီ။ ဘယ်က နေလာသလဲလို့ မေးရင်တော့၊ ကျွန်တော့်ကို မိဘက မွေးလို့ ဒီလောကထဲကို ရောက် လာတယ်ပေါ့။ ကောင်းပြီ၊ လောကထဲကို ရောက်လာပြီးတဲ့ အခါမှာ ဒီလောကကနေ တစ်နေ့ပြန်လည်ထွက်ခွါသွားကြမယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအသွေးအသား မြေကြီးကဖြစ်တဲ့အရာကတော့ သေရင်မြေကြီးပြန်ဖြစ်မှာပေါ့။

ဒါပေမယ့် ကျွန်တော် တို့အသက်ဝိညာဉ်က မြေကြီးမှာ လမ်းမဆုံးဘူး။ ကျွန်တော်တို့ရဲ့ အသက်ဝိညာဉ် ဟာ နောင်ဘဝဆိုတာ ရှေ့ဆက်ဖို့ရန်ရှိသေးတယ်။ အဲ့ဒီနောင်ဘဝကို စဉ်းစားကြည့် တဲ့အခါ လူအများက ကောင်းရာမွန်ရာကို ရောက်ချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ထာဝရဖြစ်တာကိုး၊ အဲ့ဒီကောင်းရာမွန်ရာကို ရောက်ဖို့ရန်အတွက် လူတွေဟာ ဘာသာတရားနဲ့ ကြိုးစားကြပေမယ့်၊ ဘာသာတရားနဲ့စဉ်းစားကြပေမယ့်၊ ပြင်ဆင်ကြ ပေမယ့်၊ အဲ့ဒီဘာသာတရားက အာမခံချက်မပေးဘူး။

ဒါကြောင့် လူတွေဟာ သေရ မှာကို ကြောက်နေကြတာကို တွေ့ရတယ်။ မသေချင်ကြဘူး။ မသေဖို့ ရန်အတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားလုပ်ဆောင်ကြတယ်။ သေတဲ့လူတွေအတွက်လည်း ဝမ်း နည်းငိုကြွေးပေးကြတယ်။ ဘာဖြစ်လို့လဲဆိုရင်သေခြင်းရဲ့ တစ်ဘက်မှာ သူဘာဖြစ်မ လဲဆိုတာမသိတဲ့အတွက် မသိစိတ်ထဲကနေ သူ့အတွက် ခံစားပြီးတော့ ငိုကြွေးပေး နေကြတာဖြစ်တယ်။ တစ်ချို့လူတွေက ရိုကျိုးမရလောက်အောင်တောင်မှ မူးမေ့ပြီး တော့ ငိုကြွေးပေးကြတာကို ကျွန်တော်တို့ အများကြီးတွေ့ဖူးပါတယ်။

ဒါကြောင့်မို့လို့ သေခြင်းရဲ့တစ်ဘက်ကမ်းကို အာမခံချက် ဘာသာတရား က မပေးနိုင်ဘူး။ ဘာသာတရား လူတွေကို ကောင်းတာကိုပဲ သွန်သင်တယ်။ လူကို တော့မကယ်ဘူး။ မင်းဒါလုပ်ပါ၊ လုပ်ရင်ရမယ်။ မင်းဒီလိုကြိုးစားရင်တော့ ဒီလိုဖြစ် မယ်ကွာလို့ ဘာသာတရားက အကောင်းပဲ သင်ပါတယ်။ ဒါပေမယ့် ဘာသာတရား က ကောင်းပေမယ့် လူတွေက မကောင်းဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာပေါ်မှာ ဘာသာ ကြီးအများကြီးရှိပေမယ့်၊ အဲ့ဒီဘာသာ တရားလိုက်စားတဲ့လူ၊ ဘာသာဝင်တိုင်းက မကောင်းကြပါဘူး။ ဒီကနေ့ ကမ္ဘာ ပေါ်မှာ သတင်းတွေကို နားထောင်ကြည့်လိုက်ပါ။

ဘာသာပေါင်းစုံက လူတွေဟာ မတရားသောအမှုတွေ ပြုနေကြပါတယ်။ အမေကို တရားစွဲတာတို့၊ နှမအရွယ်ကို မတရားပြုကျင့်တာတို့၊ ခိုးတာတို့၊ ဓါးမြတိုက်တာတို့၊ လိမ်ညာတာတို့၊ ဒီအရာတွေ ကျွန်တော်တို့ ကြားနေရတယ်။ ခရစ်ယာန်ဘာသာထဲမှာ လည်း ဒီအရာတွေအများကြီး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာတရားမှာပဲ အသက်ရှင်နေကြလို့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘာသာတရားက လူကိုမကယ်ဘူး။ ဘာသာတရားက လူကိုမပြုပြင်ပေးနိုင်ဘူး။ ဘာသာတရားဟာ တရားပဲဖြစ်တဲ့အ တွက် လူကို မကယ်နိုင်ဘူး။

ဒါကြောင့် လူကိုကယ်နိုင်တဲ့ ပုဂ္ဂိုလ်က ဘုရားပဲ ဖြစ်တယ်။ အသက်ရှင် သော ဘုရားသာလျှင် ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။ ဒါကြောင့် ဧည့်သည် အနေနဲ့ကျွန်တော်တို့ရဲ့ အသက်တာကို အလေးအနက်ထားပြီးတော့မှ အိမ်ကိုမပြန် ခင်မှာ အသေအချာ စဉ်းစားဖို့လိုတယ်။ (ဆာလံ ၁၁၉း၁၉)မှာ“အကျွနု်ပ်သည် မြေကြီး ပေါ်မှာ ဧည့်သည် ဖြစ်ပါ၏”လို့ အတိအကျ ထပ်မံပြီးတော့ ဆာလံဆရာက ဝန်ခံ ထားတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ ဧည့် သည်ပဲ၊ ဧည့်သည်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘဝတူတွေဖြစ်တဲ့အတွက် အ နိုင်ကျင့်စရာမလိုပါဘူး။

 ရန်လိုစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခေါင်းပုံ ဖြတ်စရာလည်း မလိုပါဘူး။ ကျွန်တော်တို့တတွေဟာ လောကဧည့်သည် ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ကြွားစရာလည်း မလိုပါဘူး။ ဧည့်သည်ပဲ ဖြစ်ပါတယ်။ (ဒေသနာ၊ ၅း၁၅)မှာ စည်းစိမ်ရှင်သည် အမိဝမ်းထဲ ဘာမှမပါလာသလို ပြန်သွားတဲ့ အခါမှာ ဘာမှမပါဘဲနဲ့ ပြန်သွားရလိမ့်မည်လို့ ကျမ်းစာက အတိအကျပြောပါတယ်။ ဒါကြောင့်မို့လို့ စည်းစိမ်ရှင်ဟာ လောကမှာ မိဘတွေကြောင့် ချမ်းသာတာလည်း ရှိ ရင်ရှိမှာပါ၊ တစ်ချို့ကိုယ်ကြိုးစားလို့ ကိုယ်တိုင်ချမ်းသာလာတာတဲ့ လူတွေလည်း အများကြီးရှိပါတယ်။

ကျွန်တော်တို့ မလေးရှားက ကဲန်တင်းဟိုင်းလဲန်း Canteen High Land ဆိုရင်တော့ တစ်ချိန်တုန်းက တောတောင်ကြီးကို ဒီပုဂ္ဂိုလ်ကြီးက ဒီနေရာအတွက် သူက တစိုက်မတ်မတ်ကြိုးစားလာတဲ့အတွက် အခုဆိုရင်တော့ သူဟာအင်မတန်မှ ချမ်းသာတဲ့သူ ဖြစ်လာတယ်။ နေ့တိုင်းနေ့တိုင်း သူ့ရဲ့အိမ်ဝေယျာဝိစ္စကို လုပ်ပေးတဲ့ သူတစ်ယောက်က ပြောပြပါတယ်။ ဘယ်လောက်ထိ ချမ်းသာလဲတော့ မသိဘူး။ သူခရီးသွားတဲ့အချိန်ဖြစ်ဖြစ်၊ အိမ်မှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့အိပ်ခန်းမှာ ရှိတဲ့ အဝတ်အစား ပစ္စည်းတွေအားလုံး တစ်ရက်တစ်ခါလဲပေးရတယ်။

အသစ်အသစ်တွေ ကို လဲပေးရတယ်။ သူအိပ်အိပ် မအိပ်အိပ်၊ လဲပေးရတယ်။ ဘယ်လောက်ချမ်းသာ သလဲဆိုတာတော့ မသိဘူး။ အဲ့ဒီလဲလိုက်တဲ့အရာတွေက ဘယ်သူ့ကို ပေးလိုက် လဲဆို တာလည်း မသိဘူး။ ဒါပေမယ့် နေ့တိုင်းအသစ်ပဲ လဲပေးနေရတယ်။ အားလုံး ကို အသစ်ပဲ လဲနေရတယ်။ ဆိုတော့ ဒီလောက် ကြွယ်ဝချမ်းသာတဲ့လူဟာလည်း သူသေသွားရင် ဘာယူသွားမလဲ၊ ဘာမှယူသွားလို့မရဘူး။ အဲ့ဒီယူသွားလို့မရတဲ့အ ရာနဲ့ လောကမှာ လူတွေက ၀ါကြွားကြတယ်။ အိမ်းကောင်းကောင်းဝယ်နိုင်ရင်၊ ထို အိမ်အတွက် ၀ါကြွားကြတယ်။ ကားကောင်းကောင်း စီးနိုင်ရင် ကားအတွက် ၀ါကြွား ကြတယ်။ ရွှေကလေးဆွဲနိုင်ရင် အဲ့ဒီရွှေအ တွက် ၀ါကြွားကြတယ်။

ဘွဲ့ကလေးရရင် အဲ့ဒီဘွဲ့အတွက် ၀ါကြွားနေကြတယ်။ ခရစ်ယာန်လောကထဲမှာတောင် ဒေါက်တာ ဘွဲ့၊ ဘာဘွဲ့ညာဘွဲ့၊ ဘွဲ့တွေအများကြီး၊ ဘုရားပေးတဲ့ဘွဲ့ကတော့ ကောင်းပါတယ်။ တစ်ချို့လူတွေကျတော့ ဘွဲ့လိုချင်လွန်းလို့ မရမကကြိုးစားပြီး လုပ်ယူတဲ့လူတွေ လည်း ရှိတယ်။ ဒီအရာတွေအားလုံးက ဧည့်သည်အရာတွေပဲ ကျွန်တော်တို့ သေ သွားရင် ဘာမှယူသွားလို့မရဘူး။ ကျွန်တော်တို့ရဲ့ ဂုဏ်တွေ၊ ပကာသနတွေ၊ စည်း စိမ်တွေ၊ ဒီအရာတွေ ဘာမှသယ်သွားလို့မရဘူး။ ဘုရားသခင်ရှေ့မှာ ဒီအရာတွေ အားလုံးဟာ အနတ္တပဲ ဖြစ်တယ်။

ဒါကြောင့် ကျွန်တော်တို့ သယ်သွားလို့ရမယ့်အရာက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ ကျွန်တော်တို့ရဲ့ အသက်ဝိညာဉ်ပဲ ဖြစ်တယ်။ ဒါကြောင့် လောကမှာ အသက်ရှင်နေတဲ့အချိန်မှာ ကျွန်တော်တို့ တမလွန်အတွက် ပြင်ဆင်ဖို့က အရေးကြီး ဆုံးပဲ။ အိုနာသေခြင်း ကင်းတဲ့ဘုရားသခင်ရဲ့ ရင်ခွင်တော်ထဲကို တကယ်ရောက်နိုင်ဖို့ ရန်အတွက် ပို့ဆောင်ပေးနိုင်တဲ့သူက ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းပြီး လူသား တွေကို ကယ်တင်ဖို့ ကြွလာသော ယေရှုခရစ်တော်ဘုရားပဲ ဖြစ်တယ်။ ကျွန်တော်၊ ကျွန်မတို့အားလုံးရဲ့ အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီးပေးဆပ် သွားတာမက သေခြင်းကနေ သုံးရက်မြောက်သောနေ့မှာ ပြန်ရှင်လာတယ်။ သူဟာ သေသောသူကို  ရှင်စေတယ်။

ကန်းသောသူကို မြင်စေတယ်။ နတ်ဆိုးစွဲတဲ့သူကို နတ်ဆိုးမောင်းထုတ်ပေးတာမက လေနှင့်ပင်လယ်ကို ဆုံးမတော်မူသောသူ ဖြစ် တယ်။ စားစရာလိုအပ်သောသူကို စားစရာပေးတဲ့ဘုရား ဖြစ်တယ်။ သေခြင်းက ပြန် ရှင်တော်မူတဲ့ ယေရှုခရစ်တော်ဘုရားက ‘ငါသည် လမ်းခရီးဖြစ် တယ်” လို့ အာမခံ ချက်ပေးသွားပါတယ်။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲထဲက အသက်ရှင်တဲ့ ကျွန်တော် တို့ လောကဧည့်သည်တွေဟာ အိမ်ပြန်ဖို့ရန်အတွက် အိုနာသေခြင်းကင်းတဲ့ ဘုံကို ပို့နိုင်တဲ့လမ်းက ယေရှုခရစ်တော်တစ်ပါးပဲ ဖြစ်တယ်။ ထိုယေရှုခရစ်တော်ဘုရားကို မိမိရဲ့ကယ်တင်ရှင်အဖြစ် မသေခင်မှာ တကယ်အချိန်မှီလက်ခံဖို့ရန်အတွက် အရေး ကြီးဆုံး ဖြစ်တယ်။ အဲ့ဒါက အရေးကြီးတဲ့ ကျွန်တော်တို့ပြင်ဆင်ချက် ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အသက်တာမှာ ဒီလိုမပြင်ဆင်ခဲ့လို့ ကျွန်တော်တို့ နောင်တရမည် ဆိုရင် ဘာမှအကျိုး မရှိဘူး။

ခုနပြောခဲ့ပြီး ကျွန်တော်တို့ ကျောင်းသားဘဝမှာ စာမ သင်ခဲ့လို့ အိုတဲ့အခါမှာ နောင်တရရင် ပြန်သင်ခွင့်မရှိတော့ဘူး။ ဒီလိုပဲ ကျွန်တော်တို့ သေပြီးတဲ့အခါမှာ လိုချင်တဲ့၊ သွားချင်တဲ့ အိုနာသေခြင်း ကင်းတဲ့ ဘုရားရဲ့ဘုံကို မရောက်ခဲ့ရင် ကျွန်တော်တို့ နောင်တရရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ ဒါကြောင့် မို့လို့ အကောင်းဆုံးသောအချိန်က မသေခင် ယခုအချိန်ဟာ ကျွန်တော်၊ ကျွန်မတို့အ တွက် အကောင်းဆုံးပဲ။ ဒါကြောင့်မို့လို့ သင်ဟာ အမိဝမ်းထဲကနေပြီးတော့ လူ့ဘဝ ဖြစ်လာခဲ့ပြီးပြီ။ ဒီဘဝကနေပြီးတော့ ကျွန်တော်တို့ ထွက်သွားတဲ့အခါမှာ စစ်မှန်တဲ့ နေရာကို ပြန်သွားနိုင်ဖို့ရန်အတွက် အဲ့ဒီနေရာကို ပို့ဆောင်ပေးတဲ့ ခရစ်တော်ဘုရား ကို ယုံကြည်ပါ။ မိမိရဲ့ ကယ်တင်ရှင်အဖြစ် ကိုးစားပါလို့ မေတ္တာအားဖြင့် ပြောပြချင်ပါ တယ်။ ထိုအရှင်သာလျှင် အာမခံချက် အတိအကျပေးတဲ့ ဘုရားဖြစ်တယ်။

ဒါကြောင့် လောကဧည့်သည် ဖြစ်တဲ့ သင်နှင့်ကျွနု်ပ်အသက်တာ လောက မှာ တခဏနေရတဲ့ဘဝမှာ အဓိပ္ပါယ်ရှိရှိ၊ အကျိုးရှိရှိ၊ မိမိရဲ့အသက် ၀ိညာဉ်အတွက် ပြင်ဆင်ပြီးတော့ ဘုရားသခင်၏ ရင်ခွင်တော်ထဲကို ရောက် နိုင်ဖို့ရန်အတွက် ဒီကနေ့ တကယ်ပဲ ခရစ်တော်ဘုရားကို ကိုးစားပါလို့ မေတ္တာအားဖြင့် ဝေငှချင်ပါတယ်။

အိမ်ပြန်လမ်းကို တွေ့နိုင်သောသူအသီးသီး ဖြစ်စေဖို့ရန်အတွက်

ဘုရားသခင် အယောက်စီတိုင်းကို ကောင်းချီးပေးပါစေ။

မေတ္တာဖြင့် - ဆရာစောကေ

No comments:

Post a Comment