သမ္မာကျမ်းစာသာ အမှန်ကန်ဆုံးပါ

ရှေးဦးစွာ အသက်ရှင်တော်မူသော ဘုရားရှင်ရဲ့ နာမတော်ကို 

ချီးမွမ်းပါ တယ်။ ကြားနာနေတဲ့ ဓမ္မမိတ်ဆွေအားလုံး ခရစ်တော်၏နာမ၌ မင်္ဂလာပါလို့ နှုတ် ဆက်ပါတယ်။ အခွင့်အရေးပေးတော်မူသော ဘုရားသခင်ရဲ့ဘုန်းတော်သည် သာ၍ ကြီးမြတ်ပြီး မင်္ဂလာရှိပါစေ။ ယခုနောက်ဆုံးသော ကာလရောက် တဲ့အချိန်မှာ online သည်လည်း တော်တော်ခေတ်စားလာပါတယ်။ လူတိုင်းလိုလို online သုံးလာကြပါ တယ်။ မြန်မာပြည်မှာတောင်မှ online ကို မြောက်များစွာ သုံးလာတာကို ကျွန်တော်် တို့ တွေ့မြင်နေရပါတယ်။ online မသုံးတဲ့ လူဟာ ခေတ်မမှီသလို တစ်ချို့က ယူဆ လာကြပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ လူမြောက်များစွာက online ကို အဓိပ္ပါယ် မဲ့၊ အကျိုးမဲ့ အသုံးပြု

လာကြပါတယ်။ အကျိုးမရှိသော ဓါတ်ပုံတွေ၊ ဇာတိရုပ်ရှင် ဇာတ်ကားတွေ ကြည့်ကြသူတွေ မြောက်မြားစွာ ရှိကြပါတယ်။ ဒီကနေ့ ကျွန်တော် တို့ဟာ ဘုရားသခင်ရဲ့အလိုတော်နှင့်အညီ သမ္မာတရားအတွက် အသုံးချပြီးတော့ ဘုရားကို ကိုးကွယ်မယ်၊ နှုတ်ကပတ်တော်ကို ကြားနာခံယူမယ်၊ လေ့လာ မယ်ဆိုရင် အသက်တာအတွက် ကောင်းချီးမင်္ဂလာ ဖြစ်ပါလိမ့်မယ်လို့ ပြော ချင်ပါတယ်။

နောက်ဆုံးသောကာလမှာ အမှုတော်ဆောင်တွေလည်း များလာပါ တယ်။ ယုံကြည်သူလည်း များလာပါတယ်။ တဖြည်းဖြည်းနဲ့တိုးတက်လာတဲ့ ခေတ်ကာလ ကြီးမှာ ၀ိညာဉ်ရေးရာလည်း တိုးတက်လာပါတယ်။ ဆိုတော့ ဒီအချိန်မှာ တစ်ချို့လူ တွေက ကျွန်တော်ကို မေးပါတယ်။ ဆရာတို့ဟောတာနဲ့ တစ်ခြားဆရာတွေ ဟော တာနဲ့တစ်ခြားစီပဲလို့ မေးတတ်ကြတယ်။ တစ်ချို့က ဘယ်ဆရာက မှားပြီး၊ ဘယ် ဆရာကမှန်တာလဲလို့ မေးတတ်ကြတယ်။ ကျွန်တော်တစ်နေရာမှာ ကျမ်းစာသင် နေတဲ့အချိန်မှာ လူငယ်နှစ်ယောက်က ထပြီးတော့ ပြောပါတယ်။ ဆရာသင်တာနဲ့ ကျွန်တော်ဆရာသင်တာဟာ တစ်ခြားစီ ဖြစ်တယ်။ ဘယ်သူမှားသလဲ? တစ်ယောက် ယောက်တော့ မှားနေပြီ၊ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီလို့ အဲ့ဒီလူငယ်နှစ်ယောက်က ပြောကြပါတယ်။ ကျွန်တော်ဆီက အဖြေကတော့၊ ကျွန်တော်ကလည်း လူဖြစ် တဲ့အတွက် မှားနိုင်တယ်။ ကျွန်တော်လေ့လာတာလည်း မပြည့်မစုံလေ့လာတဲ့ သူဖြစ် တယ်။ ခင်္ဗျားတို့ဆရာလည်း လူပဲ၊ သူလည်းမှားနိုင်တဲ့လူ ဖြစ်တယ်။ သူလေ့လာမှု လည်း မပြည့်မစုံဖြစ်နိုင်တယ်။ ပြည့်စုံတာ၊ အမှားအယွင်းမရှိတာက ဘုရားပဲ၊ နှုတ်ကပတ်တော်ပဲ ဖြစ်တယ်လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။

ဒီကနေ့တရားနာ ပရိသတ်အားလုံးသည်လည်း ရှိတဲ့နေရာအသီးသီးက နှုတ်ကပတ်တော်ကို နားထောင်စေချင်တဲ့အခါမှာ တစ်ချို့သြဝါဒတွေ ကွာခြားနေတဲ့ အရာတွေ အများကြီးကြားရင် ကြားနာကြပေလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် သူတို့ဘာပဲ ဟောဟော၊ ကျွန်တော်တို့ ဘာပဲဟောဟော ဟောသမျှဟာ နှုတ်ကပတ်တော်နှင့် ညီသလားဆိုတာ ဆင်ခြင်ဖို့အရေးကြီးဆုံးဖြစ်တယ်။ လူဖြစ်တဲ့အတွက် မှားတတ်ပါ တယ်။ ဆရာတွေ အားလုံးလည်း မှားတတ်ပါတယ်။ လောကမှာ ပြည့်စုံတဲ့သူ တစ် ယောက်မှမရှိဘူး။ အင်္ဂလိပ်တွေက “No men is perfect” လူဆိုတာ ပြည့်စုံတဲ့သူ တစ်ယောက်မှ မရှိလို့ ပြောပါတယ်။ လောကမှာ အာဒံမှဆင်းသက်လာတဲ့လူ ဖြစ်တဲ့ အတွက် ပြည့်စုံတဲ့သူလူ တစ်ယောက်မှမရှိဘူး။ လောကမှာ တစ်ယောက်မှ မပြည့် စုံနိုင်ဘူး။ ပြည့်စုံတဲ့နေ ရာကတော့ ကောင်းကင်မှာပဲ ရှိတယ်။ ဘုရားရဲ့အလိုတော်က တော့ ကောင်းကင်နိုင်ငံမှာပဲ ပြည့်စုံမှုရှိတယ်။

ဒါကြောင့်မို့လို့ ပြည့်စုံတဲ့အရာ မြေကြီးပေါ်မှာရှိတာ နှုတ်ကပတ်တော်တစ်ခု ထဲပါ။ မှန်ကန်တဲ့၊ အမှားအယွင်းမရှိတဲ့ နှုတ်ကပတ်တော်ကို ချိန်ဆပြီးတော့ နှုတ်က ပတ်တော်ကို လေ့လာဖို့လိုတယ်။ ဒါကြောင့်မို့လို့ရှိတဲ့နေရာ အသီးသီးမှာ ကျမ်းစာ ဖတ်ဖို့၊ ကျမ်းစာကို လေ့လာဖို့၊ ကျမ်းစာသင်ခန်းစာတွေကို သမ္မာတရားနှင့်အညီ “Biblical Truth” လေ့လာကြဖို့၊ ခံယူကြဖို့တိုက်တွန်း အားပေးချင်ပါတယ်။ ကျွန် တော်တို့က ဟိုဆရာမှားတယ်၊ ဒီဆရာမှားတယ်လို့ ဝေဖန်သုံးသပ်နေတာထက် ကိုယ်ကိုယ်တိုင် နှုတ်ကပတ်တော်လေ့လာဖို့ လိုအပ်ပါတယ်။

မြောက်များစွာသောသူတွေက သူများဝေငှတာကို နားထောင်တယ်၊ ပြီး တော့ ဝေဖန်တယ်၊ ဟိုဆရာဝေငှတာနဲ့ ဒီဆရာဝေငှတာနဲ့ပေတံကို တိုင်းကြည့်တယ်။ အဲဒီလို တိုင်းတာကြည့်ပြီးတော့မှ အချိန်တွေကုန်သွားတတ်ကြတယ်။ သူတို့ရဲ့အ သက်တာလည်း မတိုးတက်လာဘူး။ သူတို့ရဲ့အသက်တာလည်း မရင့် ကျက်လာဘူး။ တစ်နှစ်လာလည်း ဒီအတိုင်းပဲ၊ နှစ်နှစ်လာလည်း ဒီအတိုင်းပဲ ဘာမှမတိုးတက်လာဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အသက်တာကို ကျွန်တော်တို့ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူများဝေငှတာ ဝေဖန်နေမည့်အစား၊ ကိုယ်ကိုယ် တိုင် ဘုရားသခင် နှုတ်ကပတ်တော်ကို တကယ်လေ့လာ ခံယူပြီးတော့၊ ဘုရားသခင် ကို သစ္စာရှိရှိနှင့် ကိုးကွယ်သောသူ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို သစ္စာရှိရှိနှင့် အမှန် အကန် တိုးဝင်သောသူ၊ ကိုးကွယ်သောသူ ဖြစ်ဖို့ရန် လိုအပ်တယ်ဆိုတာပြော

ပြချင်ပါတယ်။

ဒီကနေ့ ဆရာတစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်တာ အများကြီး ရှိပါ တယ်။ ကိုယ်ဟောတာမှ အမှန်၊ ဟိုဆရာဟောတာက အမှားဆိုပြီးတော့ ပြောချင်တဲ့ ဆရာသမားတွေလည်း မြောက်များစွာ ရှိပါတယ်။ သူများ မှားတယ်လို့ ပြောသူက တော့၊ ကိုယ်မှန်တယ်လို့ ပြောချင်တာပါပဲ၊ အဲ့ဒီတော့ ဒီကနေ့ သူများမှားတယ်၊ မှန်တယ်၊ ဆိုတာထက်၊ နှုတ်ကပတ်တော်ကို ပြောဖို့ရန်အတွင် အင်မတန်အရေးကြီး ပါတယ်ဆိုတာ ပြောချင်ပါတယ်။ နှုတ်ကပတ်တော်ဟာ လုံးဝမမှားပါဘူး။ အဲ့လိုပြော တဲ့လူရဲ့အသက်တာလည်း ပြည့်စုံမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အပြစ်ကို ဖာထည်းချင် လို့ သူများမကောင်းကြောင်း တွေကို ပြောတာလည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ နှုတ်ကပတ်တော်ကို သာပြောတာဟာ အင်မတန်မှ ကောင်းတယ်လို့ ကျွန်တော် အနေနဲ့ ပြောပြချင်ပါတယ်။ ပြောသင့်တဲ့အရာ ဘုရားသခင်ခိုင်းတဲ့အရာဟာ နှုတ်က ပတ်တော်ကိုပဲ ပြောခိုင်းတာ ဖြစ်ပါတယ်။

သခင်ယေရှုခရစ်တော် ကာလတုန်းကတော့ ခရစ်တော်က ဖါရိရှဲတွေကို အပြစ်တင်ခဲ့တာ၊ ရှင်မဿဲခရစ်ဝင်ကျမ်း(၂၃)ကို ဖတ်ကြည့်လိုက်တဲ့အခါမှာ တော် တော်များများတွေ့ရပါတယ်။ အငယ်(၁၃)ကနေ ဖတ်မယ်ဆိုရင် “၁၃လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” “၁၄လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” “၁၅လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” ဆိုပြီးတော့ တစ်ခန် လုံးတွင် ခရစ်တော်ဘုရားက ဖါရိရှဲတွေကို တိုက်ရိုက်ပဲ အပြစ်တင် ဆုံးမနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီဖါရိရှဲတွေဟာ နှုတ်ကပတ်တော်ကို လုံးဝမခံယူဘူး။ ခရစ်တော်ဘုရားကို လုံးဝဆန့်ကျင်နေတဲ့ သူတွေဖြစ်သောကြောင့် ခရစ်တော် ဘုရား က တိုက်ရိုက်ကို တိုက်ခိုက်တာ၊ ပုဂ္ဂိုလ်ရေးအရ နာမည်နဲ့ကို ထည့်သွင်းပြီးတော့ တိုက်ခိုက်တာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ခရစ်တော်ကို ယုံပါ တယ်ဆိုတဲ့ လူတွေ၊ သမ္မာကျမ်းစာကို ဖတ်ပါတယ်ဆိုတဲ့လူတွေက သမ္မာကျမ်းစာကို ကိုင်ပြီးတော့ အချင်းချင်းတိုက်ခိုက်နေတာကတော့ ဘုရားသခင်ရဲ့ ဘုန်းတော်၊ နာမ တော် ရှုံ့ချစရာ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီအရာဟာ မပြုသင့်တဲ့အရာ ဖြစ်တယ်။ ခရစ်တော်ဘုရားသခင် တိုက်ခိုက်တာကတော့ ခရစ်တော်ဘုရားကို ဆန့်ကျင် လို့ ခရစ်တော်ဘုရားက တိုက်ခိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်ခိုက် နေမယ့်အစား ဆုတောင်းပေးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘုရားသခင်က သူတို့ကို အလင်းပေးနိုင်တယ်။ သူတို့ကို ဖွင့်ပြနိုင်ပါတယ်။ ၁ကော၊ အခန်းကြီး (၃) ကို ကြည့်တဲ့အခါမှာ အဲဒီလို တိုက်ခိုက်နေတာဟာ မရင့်ကျက်တဲ့လက္ခဏာ ဖြစ်တယ် လို့ ပြောပါတယ်။ အထူးသဖြင့် ၁ကော၊ (၃)၊ အငယ် ၁-၃ ကို ဖတ်ကြည့်လိုက်ပါ။ အ ငယ် (၃)မှာ ဆိုရင်၊ “ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။”

တစ်ချို့လူတွေက ငါ့ဂိုဏ်းက မှန်တယ်၊ ငါ့အသင်းတော်မှန်တယ်၊ ငါ့အဖွဲ့ အစည်းက မှန်တယ်ဆိုပြီးတော့ အဖွဲ့အစည်းထောင်ချင်တဲ့လူတွေ၊ အဖွဲ့အစည်း လုပ်ချင်တဲ့လူတွေ၊ ဂိုဏ်ဂဏ ထောင်ချင်တဲ့ လူတွေအများကြီး ရှိပါတယ်။ တစ်ချို့ ဆရာသမားတွေက သူများအသင်းတော်မှာ ပါဝင်တယ်၊ မိတ်သဟာယဖွဲ့တယ်၊ အဲ့ဒီထဲက တစ်ချို့လူတွေကို ခေါ်ထုတ်သွားတယ်။ သီးသန့်အသင်းတော်လည်း ထောင်လိုက်တယ်။ ဒီလိုလုပ်တာလည်း အများကြီး ရှိပါတယ်။ ဒီအရာတွေက ဝမ်း နည်းစရာတွေ၊ စိတ်မသက်သာစရာတွေ ဖြစ်စေပါတယ်။ ခရစ်တော်ဘုရား သခင်က ဒီလိုမျိုးလုပ်တာ အလိုတော်မရှိ ဘူးဆိုတာ သမ္မာကျမ်းစာရဲ့သြဝါဒထဲမှာ တွေ့ရပါ တယ်။ အထူးသဖြင့် ဂုဏ်ပြိုင်တယ်၊ သူ့ထက်ငါပိုဟောတတ်တယ်။ သူ့ထက်ငါ ပိုသိတယ်။ သူ့ ထက်ငါ ပိုဝေငှနိုင်တယ်ဆိုပြီးတော့ ဂုဏ်ပြိုင်တာ။ ရန်တွေ့ခြင်း၊ တစ် ယောက်နဲ့တစ်ယောက်တိုက်ခိုက်တာ၊ အပြစ်တင်တာ၊ အတင်းတုတ်တာတွေလည်း ဘုရားသခင်အလိုတော်မရှိဘူး။ အချင်းချင်းကွဲပြားခြင်း၊ ဒီအရာတွေလည်း ဘုရား သခင် အလိုတော်မရှိဘူး။ ဒီအရာတွေက ဇာတိအရာတွေ ဖြစ်တယ်။ ဘုရားသခင် အလိုတော်မရှိဘူးလို့ နှုတ်ကပတ်တော် ကျမ်းစာက ပြောပါတယ်။

အထူးသဖြင့် အငယ်(၄)မှာ - ယုံကြည်သူ အသီးသီးမှာလည်းဆရာစွဲ၊ ပုဂ္ဂ္ဂ္ဂိုလ်စွဲ၊ အများကြီးရှိပါတယ်။ ဘယ်ဆရာဟောတာမှ ကောင်းတယ်။ ဘယ်ဆရာ ဝေငှတာမှ ကောင်းပါတယ်ဆိုပြီးတော့ ဆရာစွဲတဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဘယ်ဆရာ ဟောတာမှ ခွန်အားရတယ်စသဖြင့်၊ တကယ်တော့ ကျနော်တို့ဟာ ဘုရားကို ကိုး ကွယ်တာပါ။ ဆရာကိုကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဆရာဟာ ကျွန်တော်တို့ကို ကယ်တင်ခြင်း မပေးပါဘူး။ အဲဒီဆရာလည်း မှားတဲ့အရာတွေ ရှိမှာပဲ၊ သူ့အသက် တာမှာ မပြည့်စုံတဲ့အရာတွေ ရှိမှာပါပဲ၊ ကျွန်တော်တို့နဲ့အနီးကပ် မနေကြည့်လို့သာ။ သူ့ရဲ့ဇာတိကို မသိတာ။ အနီးကပ်နေကြည့်တဲ့အခါမှာ ဒီဆရာရဲ့ဇာတိက ဘယ်လို လဲဆိုတာ တဖြည့်ဖြည်းနဲ့ သိလာမှာပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နှုတ်ကပတ် တော်ကို ကြားနာခံယူပြီးတဲ့အခါမှာ လူပုဂ္ဂိုလ်ကို မစွဲဖို့ရန် သမ္မာကျမ်းစာက သွန်သင် ပါတယ်။ ဒီမှာ ရှင်ပေါလုက ဘယ်လိုသွန်သင်ထားလဲဆိုရင်တော့ ၀ိညာဉ်ရေးရာမှာ ဇာတိပကတိဖြစ်နေတဲ့ကောရိန်သုအသင်းသူ၊ အသင်းသားတွေကို (၁ကော၊ ၃း၄)မှာ “တစ်ယောက်က၊ ငါသည် ပေါလုတပည့်ဖြစ်၏ဟူ၍လည်းကောင်း၊ တစ်ယောက်က၊ ငါသည် အာပေါလုတပည့်ဖြစ်၏ ဟူ၍လည်းကောင်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။” ဒီအရာတွေက ဘုရားသခင်မနှစ်သက်တဲ့ အရာ၊ ဘုရားသခင်အလိုတော်မရှိတဲ့အရာ ဖြစ်တယ်။ တစ်ယောက်က ပေါလုမှ အ ကောင်းဆုံးကွ၊ ပေါလုမှအနာရောဂါကို ငြိမ်းစေနိုင်တယ်။ တန်ခိုးနိမိတ်လက္ခဏာ တွေ လုပ်နိုင်တာဆိုပြီးတော့ တစ်ယောက်က ပေါလုမှ၊ ပေါလု ဖြစ်တယ်။ တစ် ယောက်ကျတော့လည်း အာပေါလုမှ၊ အာပေါလု၊ သူသွန်သင်တာမှ သမ္မာတရားနှင့် ညီတာ၊ သူသွန်သင်လိုက်တာနဲ့ အင်မတန်ရှင်း လင်းနေတာပဲ၊ တကယ်ပဲ ခွန်အားရ တယ်။ ဒါမှသမ္မာတရားအစစ်ဆိုပြီးတော့မှ အာပေါလုကို ကြိုက်တဲ့လူတွေလည်းရှိ တယ်။ အဲ့ဒီလိုဆရာစွဲ၊ ပုဂ္ဂိုလ်စွဲတွေဟာ ဇာတိဖြစ်တယ်လို့ တမန်တော် ရှင်ပေါလုက ၀ိညာဉ်တော်ကို အမှီပြုပြီးတော့၊ သွန် သင်ဆုံးမထားတာကို တွေ့ရပါတယ်။

ဆိုတော့ (၁ကော၊ အငယ် ၅)မှာ ဘာပြောထားသလဲဆိုရင်၊ “ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသော သူမဟုတ်၊ ထာဝရဘုရားသည် အသီးသီး တို့အား အခွင့်ပေးသနား တော်မူ သည်နှင့်အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေ တည်း” တကယ်တော့ အမှုဆောင်အချင်းချင်းဟာ ဘုရားသခင်ရဲ့အိမ်တော် သား များ ဖြစ်ကြပြီး၊ လူတွေကို ယုံကြည်ခြင်းသို့ ရောက်စေဖို့ရန်အတွက် ဝေငှတဲ့ဘုရားသခင် ခန့်ထားတော်မူသော သူများ ဖြစ်တယ်လို့ တမန်တော်ရှင်ပေါလုက သေချာစွာ ရှင်းပြပါတယ်။

အဲဒါကြောင့်မို့လို့ ဒီအရာကို သဘောပေါက်ဖို့ လိုပါတယ်။ အငယ်(၆)မှာ ဘာပြောသလဲဆိုတော့ “ငါသည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလုသည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။” ဆိုတော့ အောက်မှာ အငယ်(၇) “စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူ လည်း မတတ်နိုင်။ ကြီးပွါး စေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။” အပင်ကြီးပွါး စေတဲ့သူဟာ ဘုရားသခင်ပဲ၊ ဘုရားသခင်သာလျှင် ကြီးပွါးစေနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီအရာက ဘုရားသခင်က သူ့နေရာမှာ သူ့ကဏ္ဍနဲ့ ဆုကျေးဇူး ပေး ပြီးတော့ အသုံးပြုတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ခွဲခြားစရာမလိုဘူး။ ကျွန်တော်တို့ အနေနဲ့ တိုက်ခိုက်စရာလည်း မလိုဘူးဆိုတာ သမ္မာကျမ်းစာထဲမှာ တွေ့ရပါတယ်။ ဒါကြောင့်တရားဟောတဲ့အခါမှာ ဟောတဲ့ပုံစံအများကြီး ရှိပါတယ်။ ပေါ်ပြူလာဖြစ် ချင်လို့ ဟောတဲ့သူလည်းရှိမှာပဲ။ နာမည်ကြီးချင်လို့ ဟောတဲ့သူလည်း ရှိမှာပဲ၊ အ လှူငွေလိုချင်လို့ ဟောတဲ့သူလည်း ရှိပါပဲ၊ စားဝတ်နေရေးပြေလည်ဖို့ တရားဟောတဲ့ သူလည်း ရှိမှာပဲ၊ အမျိုးစုံရှိမှာပဲ၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ဟောကြမှာပဲ၊ တစ်ချို့လူ တွေကလည်း ကျမ်းစာကျောင်းအောင်လို့ ငါမဖြစ်ဘူကွ အမှုတော်ဆောင်မှ ဖြစ်မယ် လို့ ခံယူတဲ့သူလည်း ရှိမှာပဲ။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ဖြစ်လာတဲ့အခါမှာ မြောက်များ စွာသော ရှုပ်ထွေးမှုတွေ အများကြီးတော့ ရှိမှာပဲ၊

ဒါကြောင့်မို့လို့ ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်ကို ဆက်လက်ပြီး တော့ ဘာသွန်သင် ထားသလဲဆိုတော့၊ (ဖိလိပ္ပိ အခန်းကြီး ၁း၁၅)မှာ “လူအ ချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟော ပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။” အမျိုးမျိုး ရှိပါတယ်နော်၊ ရည်ရွယ်ချက် အမျိုးမျိုး ရှိပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဟော ကြသလဲတဲ့။ (အငယ်-၁၈)မှာ “သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟော ပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊” သစ္စာတကယ်ရှိရှိနဲ့ဟောတဲ့သူ၊ ဝေငှတဲ့သူအမှုတော် ဆောင်တဲ့သူလည်း ရှိပါတယ်တဲ့နော်… ရန်တွေ့လိုတဲ့ စိတ်နဲ့ဟောတဲ့လူလည်း ရှိပါ တယ်တဲ့။ ဟုတ်လား … ဂိုဏ်းဂဏ ထောင်ချင်လို့ ဟောတဲ့သူလည်းရှိပါတယ်တဲ့။ ဒါကြောင့်မို့လို့ ဒီကနေ့ ကျွန်တော်တို့က သမ္မာတရားနဲ့ညီလား၊ နှုတ်ကပတ်တော်နဲ့ ညီလားဆိုတာ လူနောက်ကို မလိုက်ဘဲနဲ့ ထိုတရားဟောချက်ကို ကြားပြီးတဲ့အခါ၊ ကျွန်တော်တို့ရဲ့ focus ၊ ကျွန်တော်တို့ရဲ့ အာရုံကို ဘုရားဘက်ကိုပဲလှည့်ဖို့ အရေး ကြီးပါတယ်။ လူကို ကိုးကွယ်မယ်ဆိုရင် မှားမှာပဲ၊

နောက်ဆုံးသောကာလမှာ (ရှင်မဿဲ အခန်းကြီး ၂၅၊ ၂၄)တို့မှာ ခရစ်တော် ဘုရားကိုယ်တိုင် ပြောထားတဲ့အရာတွေ အများကြီးရှိပါတယ်။ နောက်ဆုံးသော ကာ လမှာ မိစ္ဆာပရောဖက်တွေ အများကြီးပေါ်လာပြီးတော့မှ လူတွေကို လှည်းဖြားလိမ့် မယ်၊ လူတွေကို လှည့်စားလိမ့်မယ်ဆိုပြီးတော့မှ ကျမ်းစာက အတိအကျ ဟောထား ပါတယ်။ ဒါကြောင့်မို့လို့ လူနောက်ကို မလိုက်ဘဲနဲ့ နှုတ်ကပတ်တော် နောက်ကိုသာ လိုက်ဖို့၊ နှုတ်ကပတ်တော်ပြောတဲ့အရာကို ခံယူပြီးတော့မှ အသက်ရှင်ဖို့ရန်အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာ ပြောပြချင်ပါတယ်။ ဒါကြောင့် ဝေငှတဲ့သူ အချင်း ချင်းအနေနဲ့ စေတနာစိတ်နဲ့ဝေငှသောသူသာလျှင် အကျိုးဖြစ်ပါတယ်။ ဘုရားသခင် ရဲ့နှုတ်ကပတ်တော်ကို စေတနာစိတ်နဲ့သူများကို တကယ်ပဲဝိညာဉ်ရေးရာမှာ တိုး တက်စေဖို့၊ ၀ိညာဉ်ရေးရာမှာ အကျိုးဖြစ်စေဖို့၊ကိုယ်နာမည်ကြီးဖို့ထက်၊ကိုယ့် ဂုဏ်ရှိဖို့ ထက်၊ ကိုယ့်ကိုသူများအထင်ကြီးဖို့ထက် ဘုရားသခင် ဘုန်းတော်ထင်ရှား ရန်အ တွက် ဝေငှတာအကောင်းဆုံးဖြစ်တယ်ဆိုတာ၊ ဒါဟာတမန်တော် ရှင်ပေါလုရဲ့ခံယူ ချက်ဖြစ်ပါတယ်။ (အငယ်-၁၆)မှာ “ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့် ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာ စိတ်နှင့် ဟောပြောကြ၏။” တကယ့် မေတ္တာစိတ်၊ ဘုရားကို ချစ်တဲ့စိတ်နဲ့ ဟောတယ်။ ဘုရားအတွက် လူတွေကို ချစ်တဲ့စိတ်နဲ့ လူတွေကို နားလည်စေချင်တဲ့စိတ်နဲ့၊ ၀ိညာဉ် ရေးရာမှာ အကျိုးဖြစ်စေဖို့၊ကိုယ့်ကိုသိတာထက်၊ ကိုယ့်ကိုချီးမွမ်းတာထက်၊ ဘုရားကို ပိုပြီးတော့ချီးမွမ်းစရာအတွက်ဟုတ်လား၊ ကိုယ့်နာမည်ထက် ဘုရားဘုန်းတော်ကြီး မြတ်ဖို့ရန်အတွက် ဝေငှတာက အကောင်းဆုံးသော ကျွန်တော်တို့ရဲ့ Attitude ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့နှလုံးသားအခြေခံ ဖြစ်ပါတယ်။ ဒါကြောင့်နှလုံးသားကို စစ် တော်မူသော ဘုရားက ကျွန်တော်တို့အယောက်စီတိုင်းရဲ့ အသက်တာအခြေအနေ မှန်ကို မြင်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အမှန်ကို ဝန်ခံပြီးတော့ ဘုရားရှေ့မှာ သစ္စာနဲ့လုပ်ဆောင်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ပြချင်ပါတယ်။

တမန်တော်ရှင်ပေါလုက ဘာပြောသလဲဆိုတော့ (ဖိလိပ္ပိ ၁း၂၁)မှာ ငါသည် “၂၁အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။ ၂၂ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့ သောအကျိုးဖြစ်၏။”တဲ့နော်၊ ဆိုတော့ သူ့ရဲ့အသက်တာမှာ ဘာအတွက်အကျိုးလဲ ဆိုတော့ သူအသက်ရှင်တဲ့အရာမှာ ခရစ်တော်ဖြစ်တယ်။ ခရစ်တော်အတွက်ပဲ။ ခရစ် တော်အဖို့အလို့ငှါပဲအသက်ရှင်တယ်။ ဘာပဲလုပ်လုပ်၊ ပြောသမျှစကား၊ လုပ်ဆောင် သမျှအရာအားလုံးဟာ ခရစ်တော်အတွက်ပဲ၊ ဒါကြောင့်မို့လို့ ယုံကြည်သူများ အ ယောက်စီတိုင်းအနေနဲ့ ဒီအရာကို ပိုင်းခြားနားလည်ပြီးတော့၊ နောက်ဆုံးသောကာလ မှာ ကျွန်တော်တို့ လမ်းမမှားဖို့၊ ကျွန်တော်တို့လိုက်တဲ့အရာ မမှားဖို့ရန်အတွက် အင်မ တန်မှ အရေးကြီးပါတယ်။ လူကို ကိုးကွယ်သောသူမဟုတ်ဘဲ၊ ဘုရားကို ကိုးကွယ် သောသူ၊ ဘုရားရဲ့ နှုတ်ကပတ်တော်အတိုင်း ဘုရားထံကို ချည်းကပ်ဖို့ရန်အတွက် အရေးကြီးပါတယ်ဆိုတာ မေတ္တာအားဖြင့် သတိပေးနှိုးဆော် ဝေငှပါတယ်။

ကြားနာတဲ့သူ အယောက်စီတိုင်းရဲ့အသက်တာမှာ လူနောက်ကို လိုက်တာ ထက်၊ မှားယွင်းတတ်တဲ့လူကို နာခံတာထက်၊ မမှားမယွင်း၊ အစစ်အမှန် သမ္မာတရား ဖြစ်တော်မူသော နှုတ်ကပတ်တော်အားဖြင့်သာ အသက်ရှင်လျက် ဘုရားသခင်ကို ကိုးကွယ်ကြဖို့ရန်အတွက် တိုက်တွန်းဝေငှချင်ပါတယ်။

အယောက်စီတိုင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။ 

John Kay

No comments:

Post a Comment