မင်္ဂလာပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ဘုရားသခင် ဟာ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ကို ပို့ဆောင် နေတဲ့ ဘုရားဖြစ်ပါတယ်။ အထူး သဖြင့် ကျွန်တော်တို့ရဲ့အသက်တာကို ကျွေးမွေးတဲ့ဘုရား၊ စောင့်ရှောက်တဲ့ဘုရား၊ ကယ်တင်တဲ့ဘုရား ဖြစ်တယ်။ ကျွနု်တော်တို့ရဲ့ အသက်တာကို အကောင်းဆုံး လမ်း ပြတဲ့ဘုရားလည်း ဖြစ်ပါတယ်။ ဒီအချိန်ခါသမယမှာ လူတွေတော်တော်များများ စိတ်ဝင်စားတာ ဘာလဲဆိုရင် ခရစ္စမတ်၊ ပြီးရင် ဟက်ပီးနယူးယား ဆိုပြီးတော့ စိတ် ဝင်စားကြတယ်။ ကျမ်းစာထဲမှာ ခရစ္စမတ် မပါပါဘူး။ ပြီးတော့ New Year ဆိုတာလဲ မပါပါဘူး။ ကျွန်တော် ကျမ်းစာထဲမှာ ရှာကြည့်ပါတယ်။ New Year ဆိုတဲ့ စကားလုံး၊ နှစ်သစ်ဆိုတဲ့ စကားလုံး လုံးဝမတွေ့ပါဘူး။ မတွေ့ပေမယ့် ဤအရာကို လူတွေက တော်တော်စိတ်ဝင်စားနေကြပြီးတော့ အဲ့ဒီအတွက် လုပ်ဆောင်နေကြပါတယ်။ ဘုရားသခင်လည်း စိတ်မဝင်စားပါဘူး။ ဘုရားသခင်စိတ်မဝင်စားတဲ့အတွက် ကျမ်း စာထဲမှာ မရေးထားပါဘူးဆိုတာ ကျွန်တော်တို့ နားလည်ရပါတယ်။
ဒီလိုဆိုရင် နှစ်သစ်နှင့်ပတ်ပြီးတော့ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ မှာ၊ ဘာရှိသလဲကြည့်တဲ့အခါမှာ ဒေသနာကျမ်း အခန်းကြီး(၁)ထဲမှာ