လူတစ်ယောက်ရဲ့အသက်တာမှာ သဘောထား၊ ခံယူချက်၊
ဆန္ဒဟာ အလွန်အင်မတန် အရေးကြီး ပါသည်။
လူတစ်ယောက်အောင်မြင်ဖို့နှင့် ကျဆုံးဖို့က မိမိ၏
ဆန္ဒဆုံးဖြတ်ချက်အပေါ်မှာ အများကြီး မူတည်သော
ကြောင့် အလေးနက်ထား ဆင်ခြင်စေ ချင်ပါသည်။
(ယောဟန် ၆း၄၄) “ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာလိုသော သူကို နောက်ဆုံးသောနေ့၌ ငါသည် ထမြောက်စေမည်။”ဟု ယေရှုခရစ်တော်ဘုရား ပြောပါသည်။ ကျွန်တော်တို့ ဘုရားသခင်ထံလာဖို့၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ဖို့ရန်အတွက် ဘုရားသခင်ကိုယ် တိုင် သွေးဆောင်ခြင်းဖြစ်သည်။
နေ့တိုင်း ထိတွေ့မြင်နိုင်သမျှအရာများအားဖြင့် ဘုရားက စကားပြော နေပါသည်။ (ဆာလံ၊ ၁၉း၁-၂) “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်